❀ ချစ်သားရဟန်းတို့ ဤမည်သော ပုဂ္ဂိုလ်သုံးမျိုးတို့သည် များစွာ ကျေးဇူးကြီးကုန်၏။
(၁) အကြင်ပုဂ္ဂိုလ် ဆရာသမားကို အကြောင်းပြု၍ ဘုရား တရား သံဃာ ရတနာ သုံးပါးကို ဆည်းကပ်ကိုးကွယ်သူ အဖြစ်သို့ ရောက်ရှိခဲ့သူ ဖြစ်ခြင်း။
(၁) အကြင်ပုဂ္ဂိုလ် ဆရာသမားကို အကြောင်းပြု၍ ဘုရား တရား သံဃာ ရတနာ သုံးပါးကို ဆည်းကပ်ကိုးကွယ်သူ အဖြစ်သို့ ရောက်ရှိခဲ့သူ ဖြစ်ခြင်း။
(၂) အကြင်ပုဂ္ဂိုလ် ဆရာသမားကို အကြောင်းပြု၍ သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ သိသူအဖြစ်သို့ ရောက်ရှိခဲ့သူ ဖြစ်ခြင်း။
(၃) အကြင်ပုဂ္ဂိုလ် ဆရာသမားကို မကြောင်းပြု၍ အာသဝေါ ကုန်ခန်းသော ရဟန္တာပုဂ္ဂိုလ် အဖြစ်သို့ ရောက်ရှိခဲ့သူ ဖြစ်ခြင်း တို့ဖြစ်ပေသည်။
❀ နံပါတ်တစ်အရ ထိုဆရာသမားကို အမှီပြုပြီး 'ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ'
မြတ်စွာဘုရားရှင်အား ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏။'ဓမ္မံ သရဏံ ဂစ္ဆာမိ'
တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏။' သံဃံ သရဏံ ဂစ္ဆာမိ' သံဃာတော်ကို
ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏။ ထိုရတနာသုံးပါးအား ကိုကွယ်ဆည်းကပ်ရန်
သင်ကြားပြသပေးသော ဆရာသည် နံပါတ်တစ် လောကတွင် ကျေးဇူးဆပ်၍ မကုန်သောသူ
ဖြစ်ပေ၏။ ငယ်စဉ်ထဲ " လက်ဦးဆရာ မည်ထိုက်စွာသည် ပုဗ္ဗာစရိယ မိနှင့်ဖ"
ဟုဆိုသည့်အတိုင်း ငယ်စဉ်ထဲက သင်ကြားပြသပေးသော အမိနှင့်အဖပင် ပါဝင်ပေသည်။
❀ နံပါတ်နှစ်အရ ထိုဆရာသမားကိုအမှီပြု၍ ဤကားဆင်းရဲခြင်းဟု ခေါ်ဆိုအပ်သည့်
"ဒုက္ခ သစ္စာ"မည်သော ရုပ်တရား နာမ်တရား စသည်တို့အား ဘယ်ပုံဘယ်နည်းဖြင့်
ပရမတ်ကျကျ ဟုတ်တိုင်းမှန်စွာ ရှုပွားတတ်အောင် သင်ကြားပြသပေးသောဆရာသမား။
ဤကား ဆင်းရဲဖြစ်ကြောင်းတည်း ဟု ခေါ်ဆိုအပ်သော " သမုဒယ သစ္စာ" မည်သော
ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ ကြောင်းကျိုးဆက်နွယ်မှု
ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့အား ဟုတ်တိုင်းမှန်စွာ ရှုပွားတတ်အောင်
သင်ကြားပေးသော ဆရာသမား။
❀ ဤကားဆင်းရဲချုပ်ရာ နိဗ္ဗာန်တည်း ဟူသော "
နိရောဓ သစ္စာ" မည်သော သောတာပတ္တိစသော မဂ်ဖိုလ်တို့အား ရရှိအောင်
ဆုံးမသွန်သင်ပြသသော ဆရာသမား။ ဤကား နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်တည်း
ဟူသော " မဂ္ဂ သစ္စာ" ဝိပဿနာကျင့်စဉ်တို့အား နည်းမှန်လမ်းမှန်သင်ကြား
ပြသပေးသော ဆရာသမားသည် နံပါတ်နှစ် လောကတွင် ကျေးဇူးဆပ်၍ မကုန်သောသူ ဖြစ်ပေ၏။
❀ နံပါတ်သုံးအရ အကြင်ဆရာသမားကို အကြောင်းပြု၍ အာသဝေါတရားတို့၏
ကုန်ခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို
ထူးသော ဉာဏ်ဖြင့် သိမြင်၍ မျက်မှောက်ပြုရ၏။ ထိုသို့ ရဟန္တာဖြစ်သည့်အထိ
ဆုံးမသွန်သင် သင်ကြားပြသသော ဆရာသမားသည် နံပါတ်သုံး လောကတွင် ကျေးဇူးဆပ်၍
မကုန်သောသူ ဖြစ်ပေ၏။
❀ ရဟန်းတို့ ဤပုဂ္ဂိုလ်အား
ထိုပုဂ္ဂိုလ်သုံးမျိုးတို့မှ တစ်ပါး ပါးသည်ပင် များစွာကျေးဇူးရှိပေသည်။
အခြားသော ပုဂ္ဂိုလ်ကား ဤမျှလောက်မရှိဟု ငါဘုရားဆို၏။
ထိုကျေးဇူးရှင်ပုဂ္ဂိုလ်တို့အား ကျေးဇူးပြုဖူးသည်ဟူ၍ ရှိခိုးခြင်း၊ ခရီိးဦး
ကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း အရိုအသေပြုခြင်း၊ သင်္ကန်း,ဆွမ်း, ကျောင်း ,
သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးပစ္စည်းတို့ဖြင့် ချီးမြှောက်ထောက်ပံ့
လှူဒါန်းခြင့်ဖြင့် ကောင်းစွာ ကျေးဇူးတုံ့ပြန်ခြင်းငှာ မလွယ်၊
ဆပ်၍ပင်မကုန်ဟု ငါဘုရားမိန့်တော်မူပေ၏။
(အံ၊၁။၁၂၁) (အံ၊မြန်၊၁။၁၃၉)
0 comments:
Post a Comment