Sunday, 7 May 2017

“ရင့်ကျက်လာသူတိုင်း သိလာပါမည်” ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

No automatic alt text available.
❀ ဘဝမှာ လင်ယူသားမွေးရုံနဲ့ ကိစ္စမပြီးဘူး။
အချစ်တွေ အိမ်ထောင်ပြုတာတွေက
ဘဝရဲ့အစိတ်အပိုင်း တစ်ခုသာဖြစ်တယ်။
ဘဝရဲ့ အဓိက အခန်းကဏ္ဌမဟုတ်ဘူး။
အဓိကနဲ့သာမညကို ခွဲပြီး မမြင်တတ်ရင်
အချစ်ကို ကိုးကွယ်နေလိမ့်မယ်။
အဓိက ကဘာလဲ။
❆ လူဖြစ်လာရင်… ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်
ကိုယ်စွမ်းကိုယ်စကို အပြည့်ဝဆုံး ထုတ်သုံးနိုင်ဖို့၊
ကိုယ့်ခြေထောက်ပေါ် ကိုယ်ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့၊
ကိုယ့်ရဲ့အသိညဏ် တနေ့တခြား
ရင့်ကျက်လာဖို့ ကြိုးစားရမယ်။
❆ အဲဒီအတွက် မကြိုးစားဘဲ
အချစ်ကို ကိုးကွယ်တဲ့သူဟာ
ကိုယ်သွားမယ့်ခရီးကို မမြင်တော့ဘဲ
လမ်းမှာ ပထမဆုံးတွေ့ရတဲ့
အရိပ်ကောင်းကောင်း သစ်ပင်တစ်ပင်ကိုပဲ အဟုတ်မှတ်၊
အဲဒီသစ်ပင်ကိုပဲ ကိုယ့်ခရီးလမ်းဆုံးလို့မြင်ပြီး
ခရီးမဆက်နိုင်တော့တဲ့ အကန်းနဲ့တူပါတယ်။
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support