Tuesday, 9 May 2017

မှန်ကိုဘာ့ကြောင့်ကြည့်ရတာလဲ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

 ❀ ကိုယ့်ကိုယ်ကို အဲ့ဒီလို ချို့ယွင်းချက်လေးတွေ ၊
အပြစ်ကလေးတွေ ရှာပြီးတော့ ပြင်ရတာ အင်မတန်
ကောင်းပါတယ် ။ ဘုရားဟောထဲမှာလည်း ရှိတယ် ။
မှန်ကို ဘာကြောင့် ကြည့်ရတာလဲ---တဲ့ ။
❀ ကိုယ့်မျက်နှာမှာ ကြည့်မကောင်း မြင်မကောင်းတာ
ဘာများရှိမလဲဆိုပြီးတော့ ကြည့်ရတာတဲ့ ။
အဲ့ဒီတော့ နေ့တိုင်း နေ့တိုင်း မှန်ကြည့်ကြတယ် ။
မကြည့်တဲ့လူ ရှိလား ။ မရှိဘူးနော် ။
မြင်မကောင်းတာ ကြည့်မကောင်းတာ
ကိုယ့်မျက်နှာမှာရှိရင်လူကြားထဲသွားတော့
သူများမြင်မှာ ရှက်တာပေါ့ ။
❀ မျက်နှာကို မှန်မှာကြည့်ပြီးတော့
မြင်မကောင်းတာ ကြည့်မကောင်းတာကို
မျက်နှာသစ်လိုက်သလိုသန့်ရှင်းအောင်
လုပ်လိုက်သလိုပဲ ကိုယ့်စိတ်ကိုလည်း
ကိုယ်ကြည့်ပြီးတော့ဘာများလွဲနေတာရှိလဲ
ဆိုပြီးတော့ ပြင်ရတာ ကိုယ့်အတွက်
အင်မတန် အကျိုးများပါတယ် ။
❀ ကိုယ့်ရဲ့ပြောပုံဆိုပုံကိုလည်း ဒီလိုပဲ
သတိထား ပြီးပြင်ရမှာပဲ ။ ငါ့ပြောပုံဆိုပုံဟာ
နားခံသာရဲ့လား ၊ မှန်ရဲ့လား ၊ အကျိုးရှိရဲ့လား ။
မှန်လည်း မမှန်ဘူး ၊ အကျိုးလည်းမရှိဘူး ၊
သူတစ်ပါးလည်း နားမထောင်ချင်ဘူးဆို
ရင်တော့ မပြောတော့ဘူး ။
❀ မပြောတာပဲ ကောင်းပါတယ် ။ မှန်တိုင်းလည်း
မပြောသင့်ဘူးနော် ။ မှန်တိုင်းပြောရင်လည်း
မုန်းတဲ့လူ များလာမှာပဲ ။
ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support