Tuesday, 9 May 2017

ကိုယ်သိနေဖို့သာ အရေးအကြီးဆုံး ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

 Image may contain: 1 person
 ❀ ရှင်ပဲဖြစ်ဖြစ်၊ ရဟန်းပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် ကုသိုလ်
ရေးဖြစ်စေ၊ လူမှုရေးဖြစ်စေ ဘယ်အလုပ်ကိုပဲ
လုပ်လုပ် ကိုယ်လုပ်နေတာကို လူသိစေချင်စိတ်များ
နေရင် ပင်ပန်းရတာပါပဲ။
❀ ကိုယ်လုပ်နေတဲ့ အလုပ်ကို ကိုယ် သိနေဖို့က
အရေးအကြီးဆုံးပဲ ဖြစ်တယ်။
❀ ဆွမ်းလေးတစ်စွန်းပဲ လောင်းလောင်း၊
ပန်းလေးတစ်ပွင့်ပဲကပ်ကပ် ၊ တရားလေး
မိနစ်အနည်းငယ်ပဲ မှတ်မှတ် လောင်း
လိုက်တဲ့၊ ကပ်လိုက်တဲ့၊ မှတ်လိုက်တဲ့
အရာလေးတွေမှာ တန်ဖိုးလေးတွေ
အနှစ်သာရလေးတွေ ကျန်ခဲ့ဖို့က
အဓိက ဖြစ်တယ်။
❀ တရားလေးတစ်ပုဒ်ပဲ နာနာ၊ စာလေးတစ်ကြောင်း
ပဲဖတ်ဖတ်၊ နာလိုက်တဲ့ ဖတ်လိုက်တဲ့ တရားလေး
တစ်လုံး၊ စာလေးတစ်ပိုဒ်ထဲက အသိတွေကို အကျင့်
အသွင်ပြောင်းလဲပေးနိုင်မှ ကိုယ့်ဘဝဟာလဲ မြင့်
လာမယ်။
❀ ဘာပဲလုပ်လုပ် လူတွေမြင်ဖို့ထက် ကိုယ့်အသိ၊
ကိုယ့်အကျင့်တွေ မြင့်သထက် မြင့်လာဖို့ ၊ မြတ်သ
ထက် မြတ်လာဖို့ တန်ဖိုးတွေ အနှစ်သာရတွေကို
မြင်အောင် ကြည့်တတ်ဖို့က အဓိက ဖြစ်တယ်။
❀ ဘဝမှာ အများကြီး မသိရင်တောင် သိသလောက်
လေးကို ကျင့်သုံးပေးပါ။ သိသလောက်နဲ့ ကျင့်ရင်
ဘဝဟာလည်း မြင့်လာပါလိမ့်မယ်။
❀ ဘဝမှာ အများကြီး မလုပ်နိုင်ရင်တောင် လုပ်နိုင်
သလောက်ဟာ တန်ဖိုးရှိပါစေ။ အနှစ်သာရ ရှိပါ
စေ။ လုပ်လိုက်တဲ့ တန်ဖိုးတွေ အနှစ်သာရတွေက
အကျိုးတရားအဖြစ် တိုးပွားလာပါလိမ့်မယ်။
❀ တန်ဖိုးတွေ ၊ အနှစ်သာရတွေဟာ မျှော်မှန်းထားတဲ့
ပန်းတိုင် ရောက်ဖို့ ရဖို့အတွက် အခြေခံပန္နက်တွေ
လည်း ဖြစ်ပါတယ်။
ဒါပေမယ့် .....
❀ ကုသိုလ်ရေးဖြစ်စေ၊ လူမှုရေးဖြစ်စေ ဘယ်အလုပ်ပဲ
လုပ်လုပ် ကိုယ်လုပ်နေတာကို လူသိစေချင်စိတ်များ
နေရင် ပင်ပန်းရတာပါပဲ။
❀ ကိုယ်လုပ်နေတဲ့ အလုပ်ကို ကိုယ် သိနေဖို့က အရေး
အကြီးဆုံးပဲ ဖြစ်တယ်။
မေတ္တာများစွာဖြင့်~ ချမ်းမြေ့သာ အရှင်ဇောတိက
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support