Tuesday, 9 May 2017

အဆုံးအမ ကောက်နှုတ်ချက် ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

Image may contain: text
❀ “စိတ်ကြီးတဲ့သူဟာ သတိကြီးဖို့ လိုတယ်။
စိတ်ကကြီးပြီး သတိကသေးရင် စိတ်လိုက်မာန်ပါ လုပ်မိတတ်တယ်။
သတိဟာ စိတ်အားလုံးရဲ့ အချုပ်ပဲ။
သတိပိုင်ရင် စိတ်ကိုနိုင်မယ်။ သတိပါးရင် စိတ်ကမှားမယ်။
❀ ဒါကြောင့် စိတ်ကြီးဖို့ထက် သတိကြီးဖို့ လေ့ကျင့်ရမယ်။

စိတ်မြန်ဖို့ထက် သတိမှန်ဖို့ ကြိုးစားရမယ်။
စိတ်မညစ်အောင် သတိအနှစ်ဆောင်ရမယ်။”
❀ “အချစ်ရှိရင် အပြစ်ရှိတတ်သလို အမုန်းရှိရင်လည်း အရှုံးရှိတတ်တယ်။
အပြစ်ကင်းဖို့နဲ့ အရှုံးမရှိဖို့အတွက် မချစ်မမုန်းဘဲ နေရမယ်။
ဘယ်သူ့ကိုမှ တအားကြီးမချစ်နဲ့။ ဘယ်သူ့ကိုမှလည်း တအားကြီးမမုန်းနဲ့။
ကိုယ်ကချစ်ရင်လည်း ကိုယ်ပဲခံစားရတယ်။ ကိုယ်က မုန်းရင်လည်း ကိုယ်ပဲခံစားရတယ်။
ချစ်တော့ချစ်ပါ။ သတိမလွတ်ပါစေနဲ့။”
❀ “စကားလုံးတွေနောက် လိုက်ပြိးခံစားမနေနဲ့။
စကားလုံးဆိုတာ ပညတ်တွေ ဖြစ်တဲ့အတွက် တည့်နေရင်အကောင်းပြောမှာဖြစ်ပြီး
မတည့်ရင်တော့ အစောင်းပြောကြမှာပဲ။ မပြောနိုင်ရင် နားသွားလိမ့်မယ်။
ကိုယ့်အလုပ်ကိုယ်လုပ်၊ ဒါအဟုတ်ပဲ။”
- သူ့အကြောင်းဟာ၊ သူ့အကျိုး။ သူ့အကျိုးဟာ ကိုယ့်အဆိုးမဖြစ်စေနဲ့။
- ဘဝမှာ အကောင်းအဆိုးဆိုတာ တွေ့နေမှာပဲ။
ကောင်းကောင်းဆိုးဆိုး၊ ဘာပဲကြုံကြုံ လက်ခံလိုက်ပါ။ မခံစားပါနဲ့။
- လူချင်းတူပေမယ့် ကံချင်းမတူဘူ။ ကံကိုမယှဉ်နဲ့ ကံကိုယ်ပြင်ပါ။
သူ့ကံကို မယှဉ်နဲ့၊ ကိုယ့်ကံကိုယ်ပဲ ပြင်လိုက်ပါ။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support