Wednesday, 18 January 2017

သံသယကို ပယ်ဖျောက်စေလို ✿✿✿✿✿✿✿✿✿✿✿✿✿




 သာသနာတော်၏နှောင်းပိုင်းကာလလည်းဖြစ်၊
လူတို့၏အသက်ရှင်သန်ရာ သက်တမ်းကာလကလည်း တိုတောင်းသောခေတ်၊ မြတ်စွာဘုရားပွင့်နေသောခေတ်
ဆိုသော်ငြား သက်ရှိထင်ရှား မိမိမျက်စိနှင့် တပ်အပ် ဖူးမြင်ခွင့်မရနိုင်သောအချိန် ဖြစ်နေသည်ကတစ်ကြောင်း
ဆိုတော့ကာ၊ သာသနာတော်၏ နှောင်းခေတ်၊ သက်တမ်း တိုတောင်းသောခေတ်၊ မြတ်စွာဘုရားကို သက်ရှိမဖူး မမြင်ရသည့်ခေတ်ကြီးတို့၌ ရဟန်းရှင်လူအဖြစ်ရလာ ကြသော
သူတို့သည် မြတ်စွာဘုရား သက်ရှိထင်ရှား ရှိသည့်
အလားသို့ သင်ယူခြင်းနှင့် အကျင့်မြတ်လမ်းစဉ် ကို
ယုံကြည်ကိုးစားအားထားမှုများ အပြည့်အ၀ဖြစ်ဖို့
ဆိုသည်မှာ သိပ်တော့မလွယ်ကူလှပေ။
စာရေးသူတို့ ဉာဏ်မီသမျှ မှန်းဆကြည့်ရသော်
အခြားဘာသာဝင်များနှင့် ဘာသာမဲ့ဖြစ်သူများကိုတော့ အထူးသုံးသပ်စရာမလိုသော်လည်း ယနေ့ခေတ် မြို့ရော
တောပါ ဗုဒ္ဓဘာသာဝင်အများစုတို့သည် မြတ်ဗုဒ္ဓ၏
အဆုံးအမ လက်ဝဲစွန်းနှင့်လက်ယာစွန်းမှ လွတ်သော
အဓိကပဓာနကျသည့် မဇ်္ဈိမပဋိပဒါလမ်းစဉ် . . .
မဂ်္ဂင်(၈)ပါး အမှန်မြင်, ကြံ, ပြော, လုပ်မှန်နှင့်,
မှန်သက်မွေးရာ, ကြိုးစား, မှတ်မှု, မှန်တည်ပြုစဉ်, ဤရှစ်အင် မဂ္ဂင်ဟူ၍မှတ်ရမည်။
(ဤကား မဂ္ဂင်ရှစ်ပါး အကျဉ်းမျှသိရုံသာ)
(၁) မဂ်ဖိုလ်ကျင့်ရာ၊ မှန်မြင်တာ၊
သမ္မာဒိဋ္ဌိ မှတ်ရမည်၊
(၂) မဂ်ဖိုလ်ကျင့်ရာ၊ ညွှတ်နိုင်တာ၊
သမ္မာသင်္ကပ္ပ မှတ်ရမည်၊
(ဤကား ပညာမဂ္ဂင်(၂)ပါး)
(၃) မဂ်ဖိုလ်ကျင့်ရာ၊ ပြောဆိုတာ၊
သမ္မာဝါစာ မှတ်ရမည်၊
(၄) မဂ်ဖိုလ်ကျင့်ရာ၊ ပြုလုပ်တာ၊
သမ္မာကမ္မန္တ မှတ်ရမည်၊
(၅) မဂ်ဖိုလ်ကျင့်ရာ၊ သက်မွေးတာ၊
သမ္မာအာဇီဝ မှတ်ရမည်၊
(ဤကား သီလမဂ္ဂင်(၃)ပါး)
(၆) မဂ်ဖိုလ်ကျင့်ရာ၊ အားထုတ်တာ၊
သမ္မာဝါယာမ မှတ်ရမည်၊
(၇) မဂ်ဖိုလ်ကျင့်ရာ၊ အောက်မေ့တာ၊
သမ္မာသတိ မှတ်ရမည်၊
(၈) မဂ်ဖိုလ်ကျင့်ရာ၊ တည်ကြည်တာ၊
သမ္မာ သမာဓိ မှတ်ရမည်၊ (ဤကား သမာဓိမဂ္ဂင်(၃)ပါး)
ဆိုသည်ကို လိုက်နာကျင့်သုံးရမည်ဆိုသော်ငြား
လိုက်နာ သူကား အလွန်အားနည်းနေသည်ကို
တွေ့မြင်နေရသည်။
ယင်းအားနည်းနေသူ ရဟန်း၊ ရှင်၊ လူ အများစု ကို
ပေါ်ပေါ်ထင်ထင် ပြောနေသောစကားကား ဘာသာ ရေးနှင့်
ပတ်သက်၍ ခေတ်၏သတ်မှတ်ချက် ဘွဲ့ထူး ဂုဏ်ထူး
တိုင်းတစ်ပါးတို့၏ B.A, M.A, Ph.D ဘွဲ့ တို့ကို ရမှ
သာသနာပြုနိုင်လိမ့်မည် သာသနာတည် လိမ့်မည်ဟု
ထင်မှတ်နေကြသည်။
ပစ္စည်းလေးပါးနှင့် ထောက်ပံ့ပေးနေသူ ဒကာ,ဒကာမတို့က
လည်း ခေတ် ၏ သတ်မှတ်ချက် ဘွဲ့ထူးဂုဏ်ထူးနှင့်
တိုင်းတစ်ပါးတို့ ၏ B.A, M.A, Ph.D ဘွဲ့တို့ကို
ဆင်ယင်ထားနိုင်သည့် ရဟန်းသံဃာတို့ကိုသာ
သာသနာပြုနိုင်သူဟု ဦးစားပေး သတ်မှတ်ထားသူက
များနေသည်။
ဤနေရာ၌ အနာဂတ် သာသနာကို ရှေးရှုလျက်
အစစ်အမှန်ပြည်တွင်းပြည်ပ ဘွဲ့ထူးဂုဏ်ထူး
B.A, M.A, Ph.D ဘွဲ့တို့ဖြင့် သာသနာ ပြုနေသော
ဆရာတော်၊ သံဃာတော်တို့ကို ဆိုလိုခြင်း မျိုးမဟုတ်ပါပေ။
ထို့ကြောင့် ခေတ်သစ်ရဟန်းသံဃာအများစုတို့ သည် မိမိတို့၏ အဓိကကျသည့် မဇ်္ဈိမပဋိပဒါလမ်းစဉ် ဖြင့် ကျင့်သုံးလိုက်နာရမည့် “အဇ္ဈတ္တသာသနာ” ကို တန်ဖိုးမထားကြတော့ပေ။
အင်မတန်တန်ဖိုးကြီးသော ကျင့်စဉ်နှင့် သင်ယူခြင်းလမ်းစဉ်ကို တန်ဖိုးမဲ့သည်ဟု ထင်မှတ်နေကြသည်။ ထေရ၀ါဒ
သာသနာတည်တံ့ခိုင်မြဲ ရေးနှင့် ဘ၀သံသရာ၏ နောင်ရေးကို မတွေးမမြင်နိုင် တော့ဘဲ လက်ရှိဘ၀၌ နေရာကျယ်ကျယ်
ကျောင်းကြီး ကြီးနှင့် ကားကောင်းကောင်း စီးနိုင်ရေး၊
လာဘ်လာဘ ပေါများရေး၊ ဒကာ,ဒကာမပရိသတ်ပေါများရေး၊
ထင်ပေါ် ကျော်စောရေးတို့ကိုသာ ဖန်တီးနေကြပေ၏။
လောကီဝတ်ကြောင် ဗုဒ္ဓဘာသာဝင်လူသား ဒကာ, ဒကာမ အများစုတို့ကလည်း ဘုရားတည်၊ ကျောင်းဆောက်၊ ဆွမ်း၊
ဆေးစသည့် “ဗဟိဒ္ဓ သာသနာ” ပိုင်းဆိုင်ရာ၊ ဒါနပိုင်းနှင့်
စပ်လျဉ်း၍ မြို့ရောတောပါ သိန်းပေါင်း ရာချီ ထောင်ချီ
သောင်းချီလှူဒါန်းခြင်း ကုသိုလ်မျိုးကို ပြတ်ပြတ်သားသား
ရဲရဲတင်းတင်း ပြုဖို့ရန် မခဲယဉ်း ကြပေ။
သို့ပေငြား ဘုရားသွား၊ ကျောင်းတက်၊ ဥပုသ်
ရက်ရှည်ဆောက်တည်ခြင်း၊ တရားဘာဝနာကို
ကျေနပ်အားရသည်အထိ ပွားများအားထုတ်ခြင်း စသည် အဆင့်အတန်းမြင့်မားသော, အဓိဋ္ဌာန်ပါရမီမြောက် သော
သံသရာဝဋ်မှ လွတ်မြောက်ရာကို ဦးစားပေး
ကျင့်သုံးရာဖြစ်သော ကုသိုလ်လုပ်ငန်းတို့နှင့် ပတ်သက်
လာလျှင် ထင်ထင်ပေါ်ပေါ် ငြင်းဆန်နေသူက
များကြ သည်။
မည်သို့မည်ပုံ ငြင်းဆန်သနည်းဆိုလျှင် ““တို့ဟာ
စိတ်ကောင်းထားရင် ပြီးတာပဲ၊ ဘုရားကျောင်း၊ ရိပ်သာ
သွားစရာမလိုဘူး၊ ဥပုသ်ဆောက်တည်စရာလည်း မလို ဘူး၊ ရိပ်သာသွားစရာလည်း မလိုဘူး၊ ဘုရားကျောင်း
ကန်သွားနေရင် တို့စီးပွားရေး အလုပ်တွေဆုတ်ယုတ် ကုန်မယ်၊ ဥပုသ်ဆောက်တည်တဲ့အလုပ်က ဗိုက်ဆာမယ်၊
ရောဂါရမယ်၊ ရိပ်သာသွား တရားထိုင်တဲ့အလုပ်က
ညောင်းတာပဲ အဖတ်တင်မယ်၊ တို့စီးပွားရေး အလုပ် တွေ အချိန်ဖြုန်းရာရောက်တယ်၊ ဥပုသ်သီလမဆောက် တည်လို့ တရားအားမထုတ်လို့ ဘာမှမဖြစ်ဘူး၊ အိမ်ထောင်ရေး၊
သားရေးသမီးရေး၊ စီးပွားရေး၊ လူမှုရေး တို့က ပိုအရေးကြီးတယ်၊ နောင်ဘ၀ဆိုတာ တို့မြင်ရ တာမဟုတ်ဘူး၊ တို့စီးပွားရေးကို
ဘုရား၊ တရား၊ သံဃာ ဆိုတာက
တကယ်အကျဉ်းအကြပ်ဖြစ်လာရင် ကယ်မှာ လည်း
မဟုတ်ဘူး”” စသည်ဖြင့် သံသယနှင့် မိမိတို့
ကိုးကွယ်အားထားရာကို ပြောင်ပြောင်တင်းတင်း ပြောဆို ငြင်းဆန်သည်ကအလွန်များသည့်ခေတ်ကြီးဖြစ်နေသည်။
သို့ဖြင့် မပြုမပြင်သည့် ပုထုဇဉ်၊ ပြုပြင်နေပါသည်
ဆိုသော်လည်း နေရာမှန်၊ လမ်းမှန်ပေါ်သို့ မရောက် သေးသည့် ပုထုဇဉ်ဖြစ်သည့် ရဟန်းရှင်လူတိုင်း စစ်မှန် သည့်
သဒ္ဓါတရား မပြည့်စုံသေးသည့်အတွက် မိမိတို့ ကိုးကွယ်
လေးစားအားထားရာ ရတနာမြတ်သုံးပါးတို့ အပေါ်
သံသယစိတ်မကင်းသလို မိမိကိုယ်ကိုယ်လည်း
သံသယစိတ်နှင့် ပြေးလွှားရုန်းကန် လှုပ်ရှားနေတတ်
ကြပေသည်။ ဤနေရာ၌ အလျဉ်းသင့်သဖြင့် “သံသယ”
ဖြစ်စရာ အင်္ဂါရပ်ကို သိစေရန် -
၁။ တရားအလုံးစုံကို အကုန်အစင် သိမြင်တော် မူသော
သဗ္ဗညု သမ္မာသဗ္ဗုဒ္ဓ ဘုရားရှင်ဆိုတာ တကယ်ရော
ဟုတ်မှဟုတ်ပါ့မလား။
၂။ မဂ္ဂင်ရှစ်ပါးတည်းဟူသော ထိုတရားအတိုင်း ကျင့်လျှင် နတ်ရွာနိဗ္ဗာန်ရနိုင်သည်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလား။
မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်ဆိုတာ တကယ်ထင်ရှား
ရှိမှရှိပါရဲ့လား။ ပရိယတ်္တိတရားတော် တွေကော တကယ်မှ
မှန်ကန်ပါ့မလား။
၃။ မဂ္ဂင်ရှစ်ပါးတည်းဟူသော သံသရာမှ
ထွက်မြောက်ကြောင်း “နိယျာနိက” တရားကောင်းကို
တကယ်ကျင့်၍ သံသရာမှ လွတ်မြောက်ကြောင်းတရားကို
တကယ်သိသည့် အရိယာသံဃာစစ်၊ သံဃာမှန်ဟူသည်
တကယ်ထင်ရှား ရှိမှရှိပါ့မလား။
၎။ သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာသုံးရပ် အကျင့် မြတ်တို့၏ အကျိုးတရားသည် တကယ်ထင်ရှား ရှိမှ ရှိပါ့မလား။
၅။ သံသရာ၏ ရှေ့အစွန်းဟု ခေါ်ဆိုအပ်သော အတိတ်ဘ၀၊ အတိတ်ခန္ဓာဟူသည် တကယ်ထင်ရှား ရှိမှရှိပါရဲ့လား။
ယခုမှ ဖန်ဆင်းရှင်တစ်ဦးဦးက ဖန်ဆင်း လိုက်၍
စတင်ဖြစ်လာရသလား။
၆။ သံသရာ၏ နောက်အစွန်းဟု ခေါ်ဆိုအပ်သော အနာဂတ်ခန္ဓာငါးပါးဟူသည် တကယ်ထင်ရှား ရှိမှရှိနိုင်
ပါ့မလား။ နိဗ္ဗာန်ကို မရရှိသေးလျှင် နောက်၌ရောက်ရှိ ဖို့ရာ ဘ၀ရှိသေးတယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား။
ယခုဘ၀တွင်ပင်လျှင် သေလျှင်ပြတ်သွားလေမလား။
၇။ သံသရာ၏ ရှေ့အစွန်းဟု ခေါ်ဆိုအပ်သော အတိတ်ဘ၀၊
အတိတ်အဖို့ ခန္ဓာငါးပါး၊ သံသရာ၏ နောက်အစွန်းဟု
ခေါ်ဆိုအပ်သော အနာဂတ်ဘ၀၊ အနာဂတ်အဖို့ခန္ဓာငါးပါး နှစ်မျိုးလုံးသည်လည်း တကယ် ထင်ရှားရှိမှရှိပါ့မလား။
၈။ အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်၏၊ သင်္ခါရကြောင့် ၀ိညာဏ်ဖြစ်၏။
ဤသို့ စသည်ဖြင့် လာရှိသော ကိလေသ ၀ဋ်၊ ကမ္မ၀ဋ်၊
ဝိပါက၀ဋ်တို့၏ လည်ပတ်ပုံအစဉ်ကို ဖော်ပြသော
ကြောင်းကျိုးဆက်နွှယ်မှု ပဋိစ္စသမုပ္ပာဒ် သဘောတရားဟူသည်
တကယ် မှန်မှမှန်ပါ့မလား။ ပြုသမျှကောင်းမှု၊ မကောင်းမှုသည်
ကုသိုလ်ကံ၊ အကုသိုလ်ကံအဖြစ်ဖြင့် ခန္ဓာအစဉ်၌ စွမ်းအင်သတ်္တိ ကျန်ရစ်သည်ဆိုတာ ဟုတ်မှဟုတ်နိုင်ပါ့မလား။
ထိုကံ၏ အကျိုးများကို ရလာလိမ့်မည်ဆိုတာ
ဟုတ်မှဟုတ်နိုင် ပါ့မလား။
ဤကား “သံသယလက္ခဏာ ဖြစ်ပုံတည်း”။
မှတ်ချက် - အဘိဓမ္မာနည်းအရ ဤရှစ်ဌာနတို့၌
ဤသို့ ဖြစ်လေသလော၊ ဤသို့မဖြစ်လေသလော၊
ဟုတ် လေသလော၊ မဟုတ်လေသလော ဤသို့စသည်ဖြင့်
ထက်ဝန်းကျင် ရွေ့လျားသည်၏ အစွမ်းဖြင့်
ဝေ့လည် လည် ဖြစ်တတ်သော သဘောတရားကို သံသယ ယုံမှားမှုဟုခေါ်သည်။
“နိစ်္စံ နု ခေါ ဣဒံ အနိစ်္စံ နု ခေါ” တိ အာဒိပ၀တ်္တိယာ၊
ဧကသ်္မိံအာကာရေ သဏ္ဌာတုံ အသမတ်္ထတာယ
သမန္တတော သေတီတီ သံသယော = ဤရုပ်တရားသည် “ဤနာမ်တရားသည်” နိစ်္စလေလော၊ အနိစ္စလေလော
ဤသို့စသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကြောင့်
နိစ္စ၏အဖြစ်ဟူသော တစ်ခုတည်းသော အခြင်းအရာ၊ အနိစ္စ၏ အဖြစ်ဟူသော တစ်ခုတည်းသော အခြင်းအရာ၊ ဤသို့စသော တစ်ခုတည်းသော အခြင်း အရာ၌ ကောင်းစွာတည်ခြင်းငှာ မစွမ်းနိုင်သည့်အတွက် ထတ်ဝန်းကျင်၌ ဝေ့လည်လည် ဖြစ်တတ်သောကြောင့် “သံသယ” မည်၏။
(အဘိ၊ဋ္ဌ၊ ၁၊ ၃၀၁)
သို့ဖြင့် သံသယ၀င်၍နေသော ရဟန်းရှင်လူတို့ သန္တာန်၌
ဘုရားဟော ကျမ်းဂန်နှင့်အညီပြောရလျှင်
ကိလေသာ(၁၀)ပါးရှိသည့်အနက် အင်မတန်ကြောက်လန့်
စရာကောင်းသည့် “၀ိစိကိစ္ဆာ” ကိလေသာ ဖြစ်နေသည်ဟု
ယူဆရပေမည်။ ၀ိစိကိစ္ဆာကား ယင်း အထက်ပါ အဆိုကဲ့သို့ “ယုံမှားသံသယဖြစ်ခြင်း သဘော လက္ခဏာ” ရှိပေသည်။
““၀ိစိကိစ္ဆာ”” ဆိုသည်မှာ ““၀ိဂတာစ ကိစ္ဆာ တိ ၀ိစိကိစ္ဆာ၊
သဘာဝံ၀ါ ၀ိစိန္တော ဧတာယ ကိစ္ဆာ ကိလမတီတီ ၀ိစိကိစ္ဆာ””
၁။ ၀ိစိကိစ္ဆာ သံသယလက္ခဏာ၊
၂။ ကမ္ပဒ္ပနရသာ၊
၃။ (က) အနိစ္ဆယ ပစ္စုပဋ္ဌာနာ၊
(ခ) အနေကံသင်္ဂါဟပစ္စုပဋ္ဌာနာ ၀ါ၊
၎။ အယောနိသော မနိသိကာရ ပဒဋ္ဌာနာ =
“၀ိစိကိစ္ဆာယံ အယောနိသော မနိသိကာရ ပဒဋ္ဌာနာ”
ပဋိပတ်္တိ အန္တရာယကရာတိ ဒဋ္ဌဗ္ဗာ။
(အဘိ၊ ဋ္ဌ၊ ၁၊ ၃၀၀။ ၀ိသုဒ်္ဓိ၊ ၂၊ ၁၀၁၊)
သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားစင်၊ ဘုရားမှန်စသော
ဝိစိကိစ္ဆာဖြစ်ရာ သံသယ(၈)ဌာနတို့၌ ဟုတ်လေသလော၊ မဟုတ်လေသလော စသည်ဖြင့် ယုံမှားမှုသံသယများ
ဖြစ်နေလျှင် ဉာဏ်ပညာတည်းဟူသော ဆေးဖြင့်ကုစား ခြင်းမှ ကင်းနေသောကြောင့် ဉာဏ်ပညာတည်းဟူသော
ဆေးဖြင့်ကုသဖို့ရန် အလွန့်အလွန်ခဲယဉ်းသောကြောင့်
“၀ိစိကိစ္ဆာ” မည်၏။
မှတ်ချက် - ကုသ၍ လုံးလုံးမရနိုင်သည်ကား မဟုတ်။ယ
ဉာဏ်တည်းဟူသောဆေးဖြင့် ကုသဖို့ရန်ခဲယဉ်း
သောကြောင့်သာ ဤသို့ဆိုပေသည်။
တစ်နည်း ဘုရား စစ်၊ ဘုရားမှန်စသော သဘောမှန်
ပရမတ္ထ ဓမ္မသဘာဝ တို့၏ အနိစ္စစသော သဘောမှန်ကို
စူးစမ်းရှာဖွေ လတ်သော်၊ စူးစမ်းရှာဖွေသူ၏ စိတ်ဓာတ်ပင်ပန်း
ကြောင်း သဘောတရားဖြစ်ခြင်းကြောင့်လည်း “၀ိစိကိစ္ဆာ”
မည်၏။
အသိမကူ၊ အရှုပ်ထူပြောသော၊ ရောသမမွှေ၊
လောကကြီးထဲ၌၊ အချို့က သားမယားနှင့် အဆိုအက
အတီးအမှုတ် စသည့် လောကီအာရုံအာမဂုဏ်တို့ဖြင့်
ပျော်မွေ့နေခြင်းကိုသာ ကိလေသာပွားစည်းကြောင်း
ဖြစ်သည်ဟု ထင်မှတ်နေကြသည်။
စစ်မှန်သည့် “သဒ္ဓါ နှင့်ပညာ - ၀ိရိယနှင့် သမာဓိ” တို့
အတွဲညီစေရန် ချိန်ညှိပေးသော “သတိ၊ ပညာ”
စွမ်းအားမပြည့်စုံသေး သူ ရဟန်းရှင်လူတို့သည်
ဘုရားဟောထားသော ဆောင်ရန်ရှောင်ရန်
ပယ်သတ်ရန်ဆိုသော ကျမ်းဂန်တို့ တွင် အဓိကကျသည့် မဇ်္ဈိမပဋိပဒါကျင့်စဉ်ကို ဆန့်ကျင်မှု သံသယ၀င်နေသမျှ (သို့) လောကီကိစ္စတို့ကို ရှေ့တန်း တင်လျှက်
ဥပုသ်သီလဆောက်တည်မှု၊ သမာဓိဘာဝနာ ပွားများမှု၊
ဝိပဿနာ ဘာဝနာ ပွားများအားထုတ်မှုတို့ကို ရှောင်တိမ်းနေသမျှ“၀ိစိကိစ္ဆာ”ဆိုသော ကိလေသာဆိုးကြီး ၀င်နှောင့်ခံနေရသည် ဆိုတာကို သိစေချင်၍ ဤ ဆောင်းပါးဖြင့် သတိပေးနှိုးဆော်လိုက်ရခြင်းဖြစ်ပေသည်။
ဖြစ်လာသော “၀ိစိကိစ္ဆာ သံသယ” ကို = “မြတ်ဗုဒ္ဓ၏
အလိုတော်ကျ ဉာဏ်ဖြင့်ဆင်ခြင်နိုင်ရန်”
“တသ္မာ တိဟ ဘိက္ခဝေ အဘိက္ခဏံ သကံ စိတ်္တံ ပစ္စဝေက်္ခိတဗ်္ဗံ “
“ဒိဃရတ္တမိဒံ စိတ်္တံ သံကိလိဋ္ဌံ ရာဂေန ဒေါသေန မောဟေနာ”” တိ။ စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာသံကိလိဿန်္တိ၊
စိတ္တဝေါဒါနာ သတ္တာ ၀ိသုဇ္ဈန်္တိ
(သံ၊၂၊၁၂၃)
ရဟန်းတို့၊ ထိုသို့ပုထုဇဉ် သတ္တ၀ါမှန်သမျှတို့သည်
ဒိဋ္ဌိတည်းဟူသော ထောက်ကို လည်ပင်း၌ဆွဲကာ ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော သက္ကာယချည်တိုင်၌ တဏှာတည်းဟူသောကြိုးဖြင့် ချည်နှောင်ထားအပ်သည်
ဖြစ်သောကြောင့်၊ ဤသာသနာမြတ်အတွင်း၌ သင်
ချစ်သားတို့သည် သင်ချစ်သမီးတို့သည်
“ဤ ငါတို့၏ စိတ်သည်၊ နေ့ညဥ့် သံသရာရှည်မြင့်စွာသော
အချိန် ကာလတို့ပတ်လုံး ရာဂကြောင့်၊ ဒေါသကြောင့်၊
မောဟ ကြောင့် ညစ်နွမ်းနေရပေ၏”” ဟူ၍
မိမိတို့၏စိတ်ကို အမြဲမပြတ် မကြာခဏ ဉာဏ်ဖြင့်
ဆင်ခြင်ပေးရပါမည်။
ရဟန်းတို့ စိတ်ဓာတ်ညစ်နွမ်းခြင်းကြောင့် သတ္တ၀ါတို့ သည် ညစ်နွမ်းကြရကုန်၏။ ပင်ပန်းကြရကုန်၏၊ ဆင်းရဲ ကြရကုန်၏။ စိတ်ဓာတ်ဖြူစင်သန့်ရှင်းခြင်းကြောင့် သတ္တ၀ါတို့သည်
စင်ကြယ်ကြရကုန်၏ ဟူလို။
(သံ၊၂၊ ၁၂၃။)
ယုံမှားမှုများ - ထင်ရှားဖြစ်ပေ၊
ကောင်းမှုအလုပ် - တုန်လှုပ်ပေါ်နေ၊
ယုံမှားသံသယ - ဒွိဟထွေထွေ၊
ဝိစိကိစ် - ဖြစ်စိတ်ကင်းပါစေ။
ဆုခြွေလျက်
 Written by ►►► ​📝📝 ဓမ္မ ကုန်​သည်
((ဖတ်​ရှူ , နာယူ , မှတ်​သားမိသမျှ ပြန်​လည်​မျှ​ဝေသည်​..။)
 ဓမ္မနဒီ

Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support