Wednesday, 18 January 2017

တကယ်မယုံကြသေးဘူး ----------------------------


 Image may contain: 1 person, sitting, table and indoor

 အရိမေတ္တယျ ဘုရားရှင်လက်ထက်မှာ လူတွေ
သေတဲ့အခါ အကုန်လုံး နတ်ပြည် ဗြဟ္မာ့ပြည်ကိုပဲ
ရောက်ကြလိမ့်မယ်တဲ့ ဘာ့ကြောင့်လည်းဆိုတော့
ဘုရားရှင်ရဲ့ဘုန်းတန်ခိုးကြောင့် လူတွေဟာ ၃၁ ဘုံကို အကုန်လုံးမြင်ကြရပြီး ငရဲသားတွေငရဲမှာ
ခံရတဲ့ဒုက္ခ နတ်သားတွေ နတ်ပြည်မှာစံရတဲ့သုခ
တွေကို မျက်ဝါးထင်ထင် တွေ့ မြင်ရတဲ့အတွက်
လူတွေဟာ မကောင်းမှု့တွေမလုပ်ပဲ ကောင်းမှု့
တွေချည်းပြု လုပ်ကြတဲ့အတွက် အကုန်လုံး
နတ်ပြည်ဗြဟ္မာ့ပြည်ကိုရောက်ကြတယ် တဲ့
ဒါဆိုရင်
၃၁ ဘုံရှိတာသေချာတယ် မကောင်းတာလုပ်ရင်
မကောင်းကျိုးရမယ် ကောင်းတာလုပ်ရင်
ကောင်းကျိုးရမယ်ဆိုတာ သေချာတယ်
အခု ဂေါတမဘုရားရှင်လက်ထက်မှာလည်း
အဲဒီအတိုင်းပါပဲ လူတွေဟာ ၃၁ ဘုံသားတွေကို
မမြင်ရတာပဲရှိမယ် ဘုရားဟောအရ လက်ခံလို့ 
ရတယ်
ဒါဆိုရင် အခု လူတွေလည်း အရိမေတ္တယျဘုရား
ရှင်လက်ထက်က လူတွေလိုပဲ မကောင်းတာ
လုပ်ဖို့ ကြောက်ပြီး ကောင်းမှု့တွေချည်းပဲ မပြုလုပ်
သင့်ဘူးလား
မျက်စိနဲ့ မမြင်နိုင်လို့ မလုပ်တာဆိုရင်
ဂေါတမဘုရားရှင်ကို မယုံလို့ လား
တကယ်လို့ များ
အခုဘုရားရှင်ကို သေချာပေါက်ယုံကြည်တယ်
ဆိုရင်တော့ မကောင်းမှု့မှန်သမျှ မပြုလုပ်ပဲနေပြီး
ကောင်းမှု့တွေချည်းပြုလုပ်ဖို့ လိုအပ်ပါတယ်
မကောင်းမှု့လုပ်ရင်တော့ အရိမေတ္တယျ ဘုရားရှင်
လက်ထက်လည်း ငရဲကျမှာပဲ အခုဘုရားရှင်
လက်ထက်လည်းငရဲကျမှာပဲ
ကောင်းမှု့ပြုလုပ်မယ်ဆိုရင်တော့ အရိမေတ္တယျ
ဘုရားရှင်လက်ထက်လည်း နတ်ရွာနိဗ္ဗါန်ရမှာပဲ
ဂေါတမဘုရားရှင်လက်ထက်လည်းနတ်ရွာနိဗ္ဗါန်
ရမှာပါပဲ
ဘာတွေများ ကွာမှာမို့ လည်း
အခု ကောင်းမှု့လုပ်ဖို့ မေ့နေသူတွေ နဲ့ 
မကောင်းမှု့တွေ ပြုလုပ်နေကြသူတွေဟာ
ဂေါတမ ဘုရားရှင်ကို
မယုံလို့  ဆိုတာ သေချာတယ်
ယုံကြည်မယ် ဆိုရင်တော့
၃၁ ဘုံသားတွေကို မျက်ဝါးထင်ထင်မြင်ပြီး
မကောင်းမှု့ဆိုတာတွေကိုဘာမှမပြုလုပ်ပဲ
ကောင်းမှု့တွေချည်းပဲပြုလုပ်တဲ့ အရိမေတ္တယျ
ဘုရားရှင်လက်ထက်က လူတွေလိုပဲ
ကျင့်သုံးသင့်ပါတယ်
ကိုယ့်ကိုကိုယ်သာ
ပြန်မေးကြည့်ကြပေတော့
ကုသိုလ်မေ့နေသူတွေ
မကောင်းမှု့ပြုနေသူတွေဟာ
မယုံလို့ ပဲ ဆိုတာ
သေချာတယ်
ဦးမြင့်ခိုင်
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support