Friday, 20 January 2017

မေတ္တာနဲ့ ဥပေက္ခာ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏




































  Image may contain: one or more people and text

ဘုရားအလောင်းတွေဟာ ဘုရားဖြစ်ဖို့အတွက်
ဒီမေတ္တာနဲ့ ဥပေက္ခာဟာ
အင်မတန်မှ အရေးပါတယ်။
သတ္တဝါတွေနဲ့ ဆက်ဆံတဲ့အခါမှာ
လူတိုင်းက ကိုယ့်အပေါ်မှာ
အကောင်းလာလိမ့်မယ်လို့တော့ မမျှော်လင့်နဲ့။
ကိုယ်ကောင်းဖို့ပဲ မျှော်နော်။ ကိုယ်ကောင်းဖို့ပဲ မျှော်။
များသောအားဖြင့် လူတွေဟာ
သူတော်လို့ ကိုယ်ကောင်းတဲ့
သူတော်ကောင်းက များတယ်နော်။
သူတော်အောင် ကိုယ်ကောင်းဖို့ လိုတယ်ပေါ့။
ဒီလို ဆိုလိုတာ။
သူတော်နေလို့ ကိုယ်က ကောင်း နေတာ။
တချို့ကျတော့ မကောင်းတဲ့လူနဲ့တွေ့ရင်
ကိုယ်က မကောင်းတော့ဘူး ဖြစ်တယ်ပေါ့။
အဲဒီတော့ အဲဒီလိုမျိုး မဖြစ်စေဘဲနဲ့
သူတော်လာအောင် ကိုယ်က ကောင်းတာမျိုး
ဖြစ်အောင်နေရမယ်။ သို့မဟုတ်
ကိုယ်က သူများအတွက် ကောင်းရမယ်။
သူများအပေါ် ကောင်းရမယ်။
ကိုယ့်အပေါ်မှာ ကောင်းချင်မှ ကောင်းမယ်။
လူတိုင်း ကိုယ့်အပေါ်မှာ
ကောင်းလိမ့်မယ်လို့ မမျှော်လင့်နဲ့။
ဘုရားအပေါ်တောင် လူတိုင်း မကောင်းဘူး။
အဲဒီစိတ်ဓာတ်မျိုးကိုရအောင် မြတ်စွာဘုရားက
ဥပေက္ခာပါရမီ ဖြည့်ခဲ့တာလေ။
ပါမောက္ခချုပ် ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
(စကားလက်ဆောင် တရားလက်ဆောင် မှ)
 ဓမ္မရေချမ်းစင်
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support