
လ ဆိုတာ ပြည့်ပြီးရင် ကွယ်ရသလို
ဘဝဆိုတာလည်း တက်ပြီးရင်ကျရတာပဲ
ဘဝဆိုတာလည်း တက်ပြီးရင်ကျရတာပဲ
ဖြစ်ပြီးရင်လည်း ပျက်ရတာပဲ
ဘာမှတစ်သမတ်တည်း မရှိဘူး
သေချာပေါက်ရှိနေတာကတော့ မမြဲခြင်းပဲ
ဘဝဆိုတာ လ လိုပဲ
အမြဲတမ်းပြည့်နေတာ မဟုတ်သလို
အမြဲကွယ်နေတာတော့ မဟုတ်ဘူး
တဖြေးဖြေးဆန်း တဖြေးဖြေးပြည့် တဖြေးဖြေးဆုတ်
တဖြေးဖြေးကွယ်
ဒါဟာ သဘာဝရဲ့ အပြောင်းအလဲ
ဘဝရဲ့ အပြောင်းအလဲပဲ မဟုတ်လား
အဆင်ပြေနေလို့လည်း သတိလက်လွတ်မဖြစ်ဖို့
လိုသလို အဆင်မပြေလို့လည်း စိတ်ပျက်လက်ပျက်
ဖြစ်နေဖို့ မဟုတ်ဘူး
ဖြစ်လိုက်ပျက်လိုက်ပြေလိုက်မပြေလိုက်
တက်လိုက်ကျလိုက် ဖြစ်နေတာကိုက
ဘဝရဲ့ သင်္ကေတပဲ
အချိန်နဲ့အခြေအနေ အခိုက်အတံ့ကို
မယိမ်းယိုင်အောင် ထိမ်းနေနိုင်ရင်
ဘဝရဲ့လောကဓံဆိုတာ ကျော်လွှားသွားမှာပါပဲ
ဘဝပြည့်နေလို့လည်း ဓမ္မမမေ့နဲ့
ဘဝကွယ်နေလို့လည်း ဓမ္မမပယ်နဲ့
ဘဝကယ်ဖို့ဆိုတာ ဓမ္မနဲ့ပဲ ဖြေဆည်ရမှာဖြစ်တဲ့အတွက်
အပ္ပမာဒတရားလက်ကိုင်ထား
သတိအားတွေ မကျအောင်ပဲ ကြိုးစားကြရမှာပဲပေါ့
(မနာပ ဒါယီ အရှင်ဝိစိတ္တ)
ဘာမှတစ်သမတ်တည်း မရှိဘူး
သေချာပေါက်ရှိနေတာကတော့ မမြဲခြင်းပဲ
ဘဝဆိုတာ လ လိုပဲ
အမြဲတမ်းပြည့်နေတာ မဟုတ်သလို
အမြဲကွယ်နေတာတော့ မဟုတ်ဘူး
တဖြေးဖြေးဆန်း တဖြေးဖြေးပြည့် တဖြေးဖြေးဆုတ်
တဖြေးဖြေးကွယ်
ဒါဟာ သဘာဝရဲ့ အပြောင်းအလဲ
ဘဝရဲ့ အပြောင်းအလဲပဲ မဟုတ်လား
အဆင်ပြေနေလို့လည်း သတိလက်လွတ်မဖြစ်ဖို့
လိုသလို အဆင်မပြေလို့လည်း စိတ်ပျက်လက်ပျက်
ဖြစ်နေဖို့ မဟုတ်ဘူး
ဖြစ်လိုက်ပျက်လိုက်ပြေလိုက်မပြေလိုက်
တက်လိုက်ကျလိုက် ဖြစ်နေတာကိုက
ဘဝရဲ့ သင်္ကေတပဲ
အချိန်နဲ့အခြေအနေ အခိုက်အတံ့ကို
မယိမ်းယိုင်အောင် ထိမ်းနေနိုင်ရင်
ဘဝရဲ့လောကဓံဆိုတာ ကျော်လွှားသွားမှာပါပဲ
ဘဝပြည့်နေလို့လည်း ဓမ္မမမေ့နဲ့
ဘဝကွယ်နေလို့လည်း ဓမ္မမပယ်နဲ့
ဘဝကယ်ဖို့ဆိုတာ ဓမ္မနဲ့ပဲ ဖြေဆည်ရမှာဖြစ်တဲ့အတွက်
အပ္ပမာဒတရားလက်ကိုင်ထား
သတိအားတွေ မကျအောင်ပဲ ကြိုးစားကြရမှာပဲပေါ့
(မနာပ ဒါယီ အရှင်ဝိစိတ္တ)
0 comments:
Post a Comment