
🌹🌹 သင့်ရဲ့စိတ်ဟာ သံလိုက်တစ်ခုပါပဲ။
ကောင်းတာတွေကို အမြဲစဉ်းစားနေရင်
ကောင်းတာတွေကို ဆွဲငင်တယ်။
ပြဿနာတွေကို အမြဲစဉ်းစားနေရင်
ပြဿနာတွေကို ဆွဲငင်တယ်။
အမြဲတမ်း ကောင်းတဲ့အတွေးအမြင်နဲ့
နေထိုင်ရှင်သန်ပါ။
🌹🌹 "အမဲငါးပုပ်၊ ဖက်နှင့်ထုပ်သော်၊
ထုပ်သည့်ဖက်ဝယ်၊ ပုပ်နံ့ကြွယ်၏။
စံပယ်မြတ်လေး၊ ဖက်နှင့်ထွေးသော်၊
ထွေးသည့်ဖက်ဝယ်၊ မွှေးနံ့ကြွယ်၏” ဆိုသလို မကောင်းတဲ့အရာတွေကို ကိုယ့်စိတ်ထဲမှာ
စိမ်ထားရင် မကောင်းတဲ့ အပြောအဆို၊အမူအကျင့်တွေ စွဲကျန်ထင်ဟပ်လာတယ်။
ကိုယ့်စိတ်ထဲမှာ ကောင်းတာတွေ စိမ်ထားရင် ကောင်းတဲ့အပြောအဆို၊ အမူအကျင့်တွေ
စွဲကျန်ထင်ဟပ်လာတယ်။
🌹🌹 စိတ်ပုပ်လူပုပ်တွေနဲ့အတူနေ၊ အတုယူနေရင်
ကိုယ်လည်း အနံ့ဆိုးတွေ စွဲထင်လာမယ်။
စိတ်မွှေးလူမွှေးတွေနဲ့အတူနေ၊ အတုယူနေရင်
ကိုယ်လည်း အနံ့မွှေးတွေ စွဲထင်လာမယ်။
🌹🌹 အမွှေးဆုံးဖြစ်တော်မူတဲ့ ဘုရားရှင်နဲ့
တပည့်သား သူတော်ကောင်းတွေရဲ့
အမူအကျင့် စိတ်ထာမြင့်မြတ်ပုံ ဂုဏ်တော်အစုံကို ထုပ်ပိုးရွတ်ပွား အတုယူစိမ်ထားတဲ့အခါ
ကိုယ့်နှလုံးသားဖက်ရွက်လေးဟာလည်း (ပတ်ဝန်းကျင်ကလူတွေအတွက်)
မွှေးရနံ့တွေ ကြွယ်နေပါလိမ့်မယ်။
#မောင်စံလေး
0 comments:
Post a Comment