Thursday, 2 May 2019

အမှားမကင်းတဲ့လူသားတွေမို့ ×××××××××××××××

 

 လူရယ်လို့ဖြစ်လာရင်အမှားနဲ့ကင်းသူဆိုတာ
မရှိသလောက်ကိုရှားပါးမှာပါ ။
တစ်ခါတရံမှားနေတာမဟုတ်ပဲနဲ့
ခဏခဏထပ်ခါထပ်ခါကြိမ်ဖန်များစွာ
မှားနေမယ်ဆိုပြန်ရင်တော့လည်း
ကိုယ်ရပ်တည်ရာလူ့ပတ်ဝန်းကျင်မှာ
အသိတရားမဲ့သူဆင်ခြင်ဥာဏ်နည်းသူအဖြင့်
လူအများရဲ့အပြစ်တင်ရှုံ့ချမှုကိုခံကြရတော့မှာမလွဲပါပဲ ။
မမှားအောင်နေထိုင်ပါလို့ပြောဖို့ဆိုတာမလွယ်ကူပါဘူး
ဒါပေမယ့်အမှားတွေနည်းတစ်ထက်နည်းအောင်တော့
ဆင်ဆင်ခြင်ခြင်နေနိုင်လို့ရတယ်ဆိုတာသိထားပါ ။
အမှန်တရားကိုလက်ခံထားသူ
အမှန်တရားကိုချစ်မြတ်နိုးသူ
အမှန်တရားနဲ့ရပ်တည်နေသူတွေလဲ
ကျွန်တော်တို့ပတ်ဝန်းကျင်မှာအများကြီးရှိနေပါလိမ့်မယ် ။
အမှန်တရားနဲ့နေထိုင်သူဟာ
မှားနေတဲ့သူကိုကဲ့ရဲ့နေမယ်ဆိုဖြစ်သင့်ရဲ့လား
လမ်းမှန်ကိုညွှန်ပြရမဲ့အစားအပြစ်တင်စကားပဲ
ပြောနေလို့နှစ်ဦးလုံးအတွက်မှအကျိုးမရှိနိုင်တာ ။
ကိုယ်ကမှန်အောင်နေပြီ
သူများမှားနေရင်လည်းနားလည်ပေးနိုင်ရမှာပေါ့ ။
ကိုယ်မှန်တယ်လို့ယူဆထားတဲ့အမှန်တရားဟာ
ကိုယ်တစ်ယောက်ထဲအတွက်အမှန်မဟုတ်ဘဲ
လူတိုင်းအတွက်မှန်နေဖို့တော့လိုအပ်ပါလိမ့်မယ် ။
မှားနေသူတစ်ယောက်မှာအမှန်ကိုပြင်ဆင်ဖို့
အခွင့်အရေးအပြည့်ရှိတယ်ဆိုတာမေ့မထားပါနဲ့
ဒီတစ်ခါအမှားကနောက်တစ်ခါအမှန်ဖြစ်ဖို့အတွက်
အထောက်အပံ့ကောင်းတစ်ခုဆိုတာသိထားပါ ။
တစ်ခါအမှားကိုအခါခါရှုံးနိမ့်နေသလို
သင်တွေးတောမနေထိုင်သင့်ပါ
တစ်ခါအမှားကိုပြင်ဆင်ခွင့်မရှိသော
လူတစ်ယောက်အဖြစ်စိတ်ဓာတ်ကျ
အားလျော့သူအဖြစ်သင်ရှင်သန်စရာမလိုပါ
အမှားရဲ့တစ်ဖက်ကအမှန်လမ်းပေါ်ကို
ရဲရဲဝံ့ဝံ့သင်လျှောက်လှမ်းလိုက်စမ်းပါ ။
အဝေးရောက် နှင်းငယ်
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support