ကံမကောင်းဘူးလို့ မပြောပါနဲ့..
လူ့ဘဝ ရနေတာကိုက
ကံကောင်းနေတာပဲ မဟုတ်လား..။
လူ့ဘဝ ရနေတာကိုက
ကံကောင်းနေတာပဲ မဟုတ်လား..။
ကံမကောင်းဘူးလို့ မပြောပါနဲ့..
ကိုယ်လက်အင်္ဂါ အစုံပါနေတာကိုက
ကံကောင်းနေတာပဲ မဟုတ်လား..။
ကိုယ်လက်အင်္ဂါ အစုံပါနေတာကိုက
ကံကောင်းနေတာပဲ မဟုတ်လား..။
ကံမကောင်းဘူးလို့ မပြောပါနဲ့..
ဘုရားသာသနာနဲ့ ကြုံနေတာကိုက
ကံကောင်းနေတာပဲ မဟုတ်လား..။
ဘုရားသာသနာနဲ့ ကြုံနေတာကိုက
ကံကောင်းနေတာပဲ မဟုတ်လား..။
ကံမကောင်းဘူးလို့ မပြောပါနဲ့..
ရတနာသုံးပါး ကံကံရဲ့ အကျိုးတရားအပေါ်
ယုံကြည်မှုရှိနေတာကိုက ကံကောင်းနေတာပဲ မဟုတ်လား..။
ရတနာသုံးပါး ကံကံရဲ့ အကျိုးတရားအပေါ်
ယုံကြည်မှုရှိနေတာကိုက ကံကောင်းနေတာပဲ မဟုတ်လား..။
ကံမကောင်းဘူးလို့ မပြောပါနဲ့..
သူတော်ကောင်းတရား နာကြားခံယူနိုင်တဲ့
စိတ်ဓာတ်အခံ ရှိနေတာကိုက
ကံကောင်းနေတာပဲ မဟုတ်လား..။
သူတော်ကောင်းတရား နာကြားခံယူနိုင်တဲ့
စိတ်ဓာတ်အခံ ရှိနေတာကိုက
ကံကောင်းနေတာပဲ မဟုတ်လား..။
ကဲ..ဘာလိုသေးလဲ?..
ကံကတော့ ကောင်းနေပြီးသားပါ..
အလုပ်ကောင်းဖို့ပဲ လိုပါတယ်..
အလုပ်ကောင်းဖို့ဆိုတာလည်း အကောင်းလုပ်ဖို့ပါပဲ..။
ကံကတော့ ကောင်းနေပြီးသားပါ..
အလုပ်ကောင်းဖို့ပဲ လိုပါတယ်..
အလုပ်ကောင်းဖို့ဆိုတာလည်း အကောင်းလုပ်ဖို့ပါပဲ..။
'အကောင်းလုပ်တော့ အကြောင်းဟုတ်'..
'အကြောင်းဟုတ်တော့ မကောင်းဆုတ်'..
'မကောင်းဆုတ်တော့ အကောင်းထုပ်'..
အဲဒါ ကံကောင်းခြင်းရဲ့ လက်ဆောင်ထုပ်ပဲပေါ့..။
'အကြောင်းဟုတ်တော့ မကောင်းဆုတ်'..
'မကောင်းဆုတ်တော့ အကောင်းထုပ်'..
အဲဒါ ကံကောင်းခြင်းရဲ့ လက်ဆောင်ထုပ်ပဲပေါ့..။
ပနောပဒါယီ အရှင်ဝိစိတ္တ
0 comments:
Post a Comment