"ပညာတတ်လို့ ၊ အမျိုးမြတ်လို့
ငါ့ကို ချစ်မြတ်နိုးတာမှ မဟုတ်ဘဲ ၊
ကိုယ်ကျင့်သီလ ကောင်းလို့သာ
ချစ်မြတ်နိုးတာလေ ၊
ရုပ်ရည် ၊ ဥစ္စာ ၊ ပညာ ၊ တန်ခိုး
ဘာများတန်ဖိုးရှိလို့လဲကွယ်. . ။ "
ငါ့ကို ချစ်မြတ်နိုးတာမှ မဟုတ်ဘဲ ၊
ကိုယ်ကျင့်သီလ ကောင်းလို့သာ
ချစ်မြတ်နိုးတာလေ ၊
ရုပ်ရည် ၊ ဥစ္စာ ၊ ပညာ ၊ တန်ခိုး
ဘာများတန်ဖိုးရှိလို့လဲကွယ်. . ။ "
လောကမှာ အကောင်းဆုံးအရာဟာဘာဖြစ်မယ် လို့ ထင်ပါသလဲ ၊ လောကမှာ ဘယ်အရာ
အကောင်းဆုံးလို့ ယူဆပါသလဲ ၊ကိုယ့်အတွေးနဲ့ ကိုယ် ဖြေကြည့်ပါဦး ၊
ကိုယ့်အထင်နဲ့ကိုယ် ပြောကြည့်ပါဦး ။
-တရားအကောင်းဆုံးပါဘုရား ၊
-ဝိပဿနာအကောင်းဆုံးပါဘုရား ၊
-နိဗ္ဗာန် အကောင်းဆုံးပါဘုရား ၊
. . . . . အကောင်းဆုံးပါဘုရား ၊
တစ်ယောက်တစ်မျိုးစီပါလားနော် ။
-ဝိပဿနာအကောင်းဆုံးပါဘုရား ၊
-နိဗ္ဗာန် အကောင်းဆုံးပါဘုရား ၊
. . . . . အကောင်းဆုံးပါဘုရား ၊
တစ်ယောက်တစ်မျိုးစီပါလားနော် ။
ကဲ. . ဘယ်အဖြေမှန်သလဲ ဆိုတာ အဖြေညှိဖို့ ဇတ်တော်လေးတစ်ခုရဲ့ နိဒါန်းပိုင်းလေးကို နည်းနည်းပြောပြမယ် ။
----------------------------------------------
----------------------------------------------
တစ်ခါတုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်စိုးစဉ် မြတ်စွာဘုရားလောင်းဟာ အဲဒီ ဗြဟ္မဒတ်မင်းကြီးရဲ့ ပုရောဟိတ်ပုဏ္ဏား ဖြစ်ခဲ့တယ် ။
အဲဒီပုရောဟိတ်ပုဏ္ဏားကို ဗြဟ္မဒတ်မင်းကြီးက အင်မတန် ချစ်တယ် ၊ မြတ်နိုးတယ်၊
ပေးစရာရှိ ၊ ချီးမြှောက်စရာရှိ ၊ ကူညီစောင့်ရှောက်စရာရှိ သူများထက် ပို ချီးမြှောက်တယ် ၊ ကူညီစောင့်ရှောက်တယ် ၊
ပေးစရာရှိ ၊ ချီးမြှောက်စရာရှိ ၊ ကူညီစောင့်ရှောက်စရာရှိ သူများထက် ပို ချီးမြှောက်တယ် ၊ ကူညီစောင့်ရှောက်တယ် ၊
အားလုံးထက် သိသိသာသာ ချစ်မြတ်နိုးတော့ ဘုရားလောင်းပုရောဟိတ်ပုဏ္ဏားက စဉ်းစားတယ် ၊
-ငါ့ရဲ့ အမျိုးမြတ်ခြင်းကြောင့်လား ၊
-ငါ့ရဲ့ ပညာတတ်ခြင်းကြောင့်ပဲလား ၊
-ဒါမှမဟုတ် ငါ့ရဲ့ ကိုယ်ကျင့်သီလ ကောင်းခြင်း ကြောင့်လား ၊ စမ်းကြည့်ဦးမှ . . ဆိုပြီး ၊
-ငါ့ရဲ့ အမျိုးမြတ်ခြင်းကြောင့်လား ၊
-ငါ့ရဲ့ ပညာတတ်ခြင်းကြောင့်ပဲလား ၊
-ဒါမှမဟုတ် ငါ့ရဲ့ ကိုယ်ကျင့်သီလ ကောင်းခြင်း ကြောင့်လား ၊ စမ်းကြည့်ဦးမှ . . ဆိုပြီး ၊
တစ်နေ့မှာ မင်းနန်းတော်က အခစား ပြန်လာတဲ့အချိန် . .
ရှင်ဘုရင်ရဲ့ ရွှေပန်းတိမ်ဖိုက ရွှေအသပြာတစ်ခု ကို အသိမပေးပဲ ယူလာခဲ့တယ် ၊ ဒုတိယနေ့မှာ နှစ်ခု ၊ တတိယနေ့မှာ တစ်ဆုပ် ယူခဲ့တယ် ။
ရှင်ဘုရင်ရဲ့ ရွှေပန်းတိမ်ဖိုက ရွှေအသပြာတစ်ခု ကို အသိမပေးပဲ ယူလာခဲ့တယ် ၊ ဒုတိယနေ့မှာ နှစ်ခု ၊ တတိယနေ့မှာ တစ်ဆုပ် ယူခဲ့တယ် ။
ရွှေပန်းတိမ်သည်ဟာ ပုရောဟိတ်ကြီးကို ရိုသေ လေးစားတော့ ပထမနေ့မှာ ဘာမှ မပြောဘူး ၊
ဒုတိယနေ့လည်း ဘာမှ မပြောသေးဘူး ၊ တတိယနေ့လည်း ရွှေတစ်ဆုပ်ယူရော . . ချက်ချင်း ဖမ်းယူပြီး. . .
ဒုတိယနေ့လည်း ဘာမှ မပြောသေးဘူး ၊ တတိယနေ့လည်း ရွှေတစ်ဆုပ်ယူရော . . ချက်ချင်း ဖမ်းယူပြီး. . .
"သင်ဟာ နှစ်ပေါင်းများစွာ ကိုယ်ကျင့်သီလ ရှိသလိုလိုနဲ့ အယောင်ဆောင်ခဲ့တာပဲ
၊ ဒီနေ့တော့ သင့်ရဲ့ အမှန်တရား ပေါ်ပြီ ၊ သင့်ကို ကျွန်ုပ် ဖမ်းတယ် ဆိုပြီး
သူခိုးဗျို့ . . သူခိုး . . သူခိုး ဆိုပြီး တခါတည်းအော်တော့တယ် ။
အနီးအနားက လူတွေလည်း ပြေးလာပြီး ဝိုင်းရိုက်ကြတယ် ၊ နောက် လက်ပြန်ကြိုးတုပ် ဘုရင်ဆီ ခေါ်လာခဲ့တယ် ၊
ရှင်ဘုရင်က တရားဥပဒေအတိုင်း စီရင်လိုက်ပါ လို့ မိန့်တော်မူတဲ့အခါမှာ ပုရောဟိတ်ပုဏ္ဏားက . .
-အရှင်မင်းကြီး ကျွန်ုပ် သူခိုး မဟုတ်ပါဘူး ၊
-သူခိုးမဟုတ်ရင် ရွှေပန်းတိမ်ဖိုက ရွှေတွေ အသိမပေးဘဲ ဘာဖြစ်လို့ ယူရတာလဲ ၊
-သူခိုးမဟုတ်ရင် ရွှေပန်းတိမ်ဖိုက ရွှေတွေ အသိမပေးဘဲ ဘာဖြစ်လို့ ယူရတာလဲ ၊
အရှင်မင်းမြတ်က ကျွန်ုပ်ကို သူများတွေထက် ပိုပြီး အရေးပေးခြင်းက . .
ကျွန်တော်မျိုး အမျိုးမြတ်လို့လား ၊
ပညာတွေ တတ်လို့လား ၊
ကိုယ်ကျင့်သီလ ကောင်းလို့ပဲလား ဆိုတာ စမ်းသပ်ကြည့်ချင်လို့ ယခုကဲ့သို့ ယူရခြင်း ဖြစ်ပါတယ် ၊
ကျွန်တော်မျိုး အမျိုးမြတ်လို့လား ၊
ပညာတွေ တတ်လို့လား ၊
ကိုယ်ကျင့်သီလ ကောင်းလို့ပဲလား ဆိုတာ စမ်းသပ်ကြည့်ချင်လို့ ယခုကဲ့သို့ ယူရခြင်း ဖြစ်ပါတယ် ၊
ခုတော့ ကျွန်ုပ် သိပါပြီ ၊
အမျိုး မြတ်တာလည်း ဘာမှ သုံးမရပါဘူး ၊
ပညာတတ်တာလည်း ဘာမှ သုံးမရပါဘူး ၊
ကိုယ်ကျင့်သီလ ကောင်းခြင်းကသာ သုံးရပါတယ် ၊ လောကမှာ ကိုယ်ကျင့်သီလထက် မြတ်တဲ့အရာ အရှိဘူးဆိုတာ သဘောပေါက်ပါပြီ ၊
အမျိုး မြတ်တာလည်း ဘာမှ သုံးမရပါဘူး ၊
ပညာတတ်တာလည်း ဘာမှ သုံးမရပါဘူး ၊
ကိုယ်ကျင့်သီလ ကောင်းခြင်းကသာ သုံးရပါတယ် ၊ လောကမှာ ကိုယ်ကျင့်သီလထက် မြတ်တဲ့အရာ အရှိဘူးဆိုတာ သဘောပေါက်ပါပြီ ၊
ဒါကြောင့် လောကမှာ အကောင်းဆုံးအရာဖြစ်တဲ့ ဒီကိုယ်ကျင့်သီလနဲ့
ထိုက်တန်တဲ့အလုပ်ကို လုပ်နိုင်ဖို့ အိမ်ယာတည်ထောင် လူ့ဘောင်ကို စွန့်ပြီး
ရဟန်းပြု တောထွက်ခွင့်ပေးပါ ။
------------------------------------
------------------------------------
ရှင်ဘုရင်က အကြောင်းအကျိုး သိသွားတော့ တောမထွက်ဖို့ တားပါတယ် ၊
ဆွေမျိုးမိတ်ဆွေတွေလည်း ငိုယိုပြီး တားကြပေမယ့် ပုရောဟိတ်ပုဏ္ဏားက. . .
လောကမှာ အကောင်းဆုံးအရာဖြစ်တဲ့ ဒီကိုယ်ကျင့်သီလနဲ့ ထိုက်တန်တဲ့
ကျင့်စဉ်တွေ ၊ လုပ်ငန်းတွေဆိုတာ အိမ်ယာတည်ထောင်လူ့ဘောင်မှာ နေပြီး
လုပ်ခြင်းအားဖြင့် မပြည့်စုံနိုင်ပါဘူး ။
လူ့ဘောင်ကို စွန့် ၊ ရဟန်းပြုပြီး ကျင့်သုံးမှသာ လုပ်လို့ရမယ် ၊ ပြည့်စုံမယ်။ ဒါကြောင့် မတားကြပါနဲ့ တော့ လို့ မေတ္တာရပ်ခံတဲ့အခါ
နောက်ဆုံးမှာ ရှင်ဘုရင်က ခွင့်ပြုလိုက်ရပါတယ် ။
ပုရောဟိတ်က တောမထွက်ခင် ဂါထာလေးတစ်ပုဒ်နဲ့ တရားဟောခဲ့ပါတယ် ၊
------------------------------------------
ပုရောဟိတ်က တောမထွက်ခင် ဂါထာလေးတစ်ပုဒ်နဲ့ တရားဟောခဲ့ပါတယ် ၊
------------------------------------------
"သီလံ ကိရေဝ ကလျာဏံ ၊ သီလံ လောကေ အနုတ္တရံ ၊
ပဿ ဃောရဝိသော နာဂေါ ၊ သီလဝါတိ န ဟညတိ ၊
ပဿ ဃောရဝိသော နာဂေါ ၊ သီလဝါတိ န ဟညတိ ၊
အဓိပါယ်က . . .
လောကမှာ ကိုယ်ကျင့်သီလဆိုတာ အကောင်းဆုံးပဲ ၊
ကိုယ်ကျင့်သီလထက်ကောင်းတာ ဘာမှမရှိဘူး ။
လောကမှာ ကိုယ်ကျင့်သီလဆိုတာ အကောင်းဆုံးပဲ ၊
ကိုယ်ကျင့်သီလထက်ကောင်းတာ ဘာမှမရှိဘူး ။
ပရောဟိတ်ကို လက်ပြန်ကြိုးတုပ်ပြီး ခေါ်လာတဲ့အချိန် လမ်းမှာ . . .
မြွေအလိမ္ပါယ်ဆရာတွေ မြွေအလိမ္ပါယ် ပြနေတာ တွေ့တယ် ။ မြွေရဲ့
လည်ပင်းကိုကိုင် ၊ အမြီးကိုကိုင် ၊ လူရဲ့ လည်ပင်းမှာ မြွေကိုပတ်
ကစားပြတာကို မြင်တွေ့တော့. . ?
ပုရောဟိတ်က မြွေအလိမ္ပါယ်သမားတွေကို ပြောတယ် ၊
အမောင်တို့ . . . ဒီမြွေက သင်တို့ကို ကိုက်လိုက်လို့ ရှိရင် အသက် ဆုံးရှုံးရလိမ့်မယ် ။ မကိုင်ကြနဲ့ . . လို့ ပြောတော့ ။
အမောင်တို့ . . . ဒီမြွေက သင်တို့ကို ကိုက်လိုက်လို့ ရှိရင် အသက် ဆုံးရှုံးရလိမ့်မယ် ။ မကိုင်ကြနဲ့ . . လို့ ပြောတော့ ။
မြွေအလိမ္ပါယ်ဆရာတွေ ၊ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေက. .
"ဒီမြွေဟာ သီလရှိတယ် ၊ အကျင့်ကောင်းတယ် ၊ ငါတို့ကို မကိုက်ဘူး ၊ ဒါကြောင့် တို့ သူတို့နဲ့ ကစားတယ် ။
"ဒီမြွေဟာ သီလရှိတယ် ၊ အကျင့်ကောင်းတယ် ၊ ငါတို့ကို မကိုက်ဘူး ၊ ဒါကြောင့် တို့ သူတို့နဲ့ ကစားတယ် ။
သင်သာ သီလ မရှိတဲ့သူ ဖြစ်တယ် ၊ သီလမရှိ အကျင့်ယုတ်မာတဲ့အတွက် . . ရွှေတွေကို ခိုးယူတာမဟုတ်လား ။
-----------------------------------------------
-----------------------------------------------
ကြည့်လိုက်စမ်းပါ ၊
အင်မတန် အဆိပ်ပြင်းတဲ့ မြွေ တောင်မှ ၊ လူတွေအားလုံးက ရွံမုန်း
ကြောက်ရွံကြတဲ့ မြွေတောင်မှ မကိုက်ဘူး ၊ မညှင်းဆဲဘူး ဆိုရင် သီလရှိတဲ့သူ ၊
အကျင့်ကောင်းတဲ့သူ ဆိုပြီး နာမည်လေးကို ရပါတယ် ။
ဒါကြောင့်
သီလသည်သာလျှင် အကောင်းဆုံး ဖြစ်တယ် ။ အကောင်းဆုံးဖြစ်တဲ့ သီလနဲ့
ထိုက်တန်တဲ့ အလုပ် ကို လုပ်ဖို့အတွက် တောထွက်ခွင့်ပြုပါတော့ . . . . . .
လို့ အဲဒီ တရား အဆုံးအမပေးပြီး တောထွက်သွားပါတော့တယ် . . .။
"ဆရာတော် အရှင်ဆန္ဒာဓိက- ရွှေပါရမီတောရ"
0 comments:
Post a Comment