Saturday, 7 October 2017

ဘဝတန်​ဖိုး

Image may contain: 1 person
 စိတ်ဆိုးနေတဲ့အခါ ကောင်းတဲ့စိတ်နဲ့လဲလိုက်ပါ၊
ရှုပ်နေရင် ရှင်းတဲ့စိတ်၊ ပူနေရင် အေးတဲ့စိတ်၊
နောက်နေရင် ကြည်တဲ့စိတ်နဲ့ ချက်ချင်း လဲလိုက်ပါ။
- ကောင်းတာကိုလုပ်ဖို့ လွယ်တယ်ဆိုရင်
ကောင်းတဲ့လူ ၊
မကောင်းတာကိုလုပ်ဖို့ လွယ်တယ်ဆိုရင်??
- သူများပေးစာ ကျွေးစာ တစ်ထောင်ဖိုး
စားရတာထက်
ကိုယ့်လုပ်စာ တစ်ကျပ်ဖိုးက
ပိုပြီးမြိန်တယ်။
- လေးစားထိုက်တဲ့သူရဲ့ စကားကိုမှ
နားထောင်ကြတာာ။
ကိုယ့်စကား နားထောင်စေချင်ရင်
လေးစားထိုက်အောင် နေပါ။
- တခြားပစ္စည်းတွေကို ရောင်းလိုက်ရင်
အရှုံးမဟုတ်ရင် အမြတ် ရသေးတယ်၊
စိတ်ချမ်းသာမှုကို ရောင်း စားရင်
အရှုံးပဲ ရင်ဆိုင်ရမယ်။
စိတ်ချမ်းသာမှုကို ဘာနဲ့မျှ
ရောင်းမစားပါနဲ့။
- ကောင်းတဲ့အလုပ်ဟာ
နောက်ကျတယ်ဆိုတာ
မရှိဘူး။
မစရသေးတာပဲ ရှိတယ်။
- စေတနာကောင်းကောင်းနဲ့
ပြည့်ပြည့်စုံစုံ ကျွေးလိုက်ရလို့
ဝမ်းသာတယ်ဆိုရင်
သူစားနိုင်သလောက် စားတာကိုလည်း
ကျေနပ်နိုင်ပါစေ။
- မမှားသောရှေ့နေ
မသေသော ဆေးသမား တဲ့
ဒီဖြေဆေးဟာ ဆေးယဉ်သွားရင်
ရောဂါကျွမ်းတတ်တယ်၊
မမှားတာ အကောင်းဆုံးပဲ။
- ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့
ဖြစ်နိုငတာတွေပါ ဆုံးရှုံးလိုက်ရပြီ၊
ဖြစ်နိုင်တာကိုသာ ဦးစားပေးရင်
ဖြစ်ချင်တာတွေပါ အားလုံးဖြစ်လာမယ်။
- လုပ်သင့်တာကို မလုပ်မိရင်
မလုပ်သင့်တာကို လုပ်မိနေတတ်တယ်။
- မြင်တဲ့အတိုင်း အမှန်ဖြစ်မှ
အမှန်အတိုင်း မြင်တယ်လို့ခေါ်တယ်။
မြင်တဲ့အတိုင်း မှန်၊ မမှန်
ကြားတဲ့အတိုင်း မှန်၊ မမှန်
ဆန်းစစ်ရမယ်။
- အရာရာကိုအောင်မြင်နိုင်ဖို့
မိမိရဲ့ အရာရောက်မှုကို
မြှင့်တင်ပေးရမယ်။
- အဟုတ်ပါလားလို့ ထင်တားသမျှတွေဟာ
လွဲနေတတ်သလို
မဟုတ်ဘူးလို့ မြင်သမျှတွေကလည်း
မှန်နေတတ်ပြန်တယ်။
- ကိုယ့်စကားကို
သူ နားထောင်စေချင်ရင်
သူ့ စကားကို
အရင် သေသေချာချာ
နားထောင်ပေးလိုက်ပါအုံး။
- အရေးအကြီးဆုံး ဆိုတာတွေဟာ
ဘာမျှမဟုတ်ပါလား လို့
နားလည်ပြီးတော့
ဘာမျှ မဟုတ်တဲ့သဘော ကို
သိဖို့က အရေးကြီးဆုံးပါပဲ။
- ကိုယ်ဖြစ်ချင်တာတွေသာ
ရှေ့တန်းတင်ရင်
ကိုယ့်အတွက် အဆင်ပြေသလို
ထင်ရပေ့မယ့်
အများနဲ့တော့ အဆင်ပြေဖို့
မလွယ်ပါဘူး။
- ကလေးမှားရင် တစ်ပြား၊
လူကြီးမှားရင် တစ်ဆယ်၊
ဘယ်အမှားမှ မကောင်းဘူး။
တစ်ဆယ်က ပိုဆိုးတယ်။
- မေတ္တာပို့နေရုံနဲ့ မဖြစ်သေးဘူး၊
မေတ္တာ ဓာတ်တွေ ရှိနေဖို့က
လိုအပ်တယ်။
- ဖြစ်လည်းဖြစ်ချင်တယ်၊
ဖြစ်လည်းဖြစ်သင့်တယ်၊
ဆိုရင်တောင်မှ
ဖြစ်နိုင်တာကို ရွေးပြီးလုပ်ပါ။
- ဖြစ်ချင်တိုင်း ဓိဌာန်ရင်
အောင်မြင်ဖို့မလွယ်ဘူး
ဖြစ်နိုင်တာကို ကြိုးစားမှ
အဓိဌာန် အောင်မြင်မယ်။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support