Monday, 25 March 2019

ကိုယ့်ကိုယ်ကို ဆုံးမခြင်း ------------------------

ဓာတ်ပုံရှင်းလင်းဖော်ပြချက်ကို ကြည့်၍မရနိုင်ပါ။

 ကမၼႆကာ
ဒီတော့ အကောင်းအဆိုး နှစ်မျိုးလုံးကို ကျေကျေနပ်နပ် လက်ခံနိုင်ဖို့အတွက် ``ကမ္မဿကာ- ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ´´လို့ နှလုံးသွင်းဆင်ခြင်ရမယ်။
အတိတ်က ဘ၀တွေ မြောက်များစွာ ကျင်လည်ခဲ့ပြီ။ ဒါကြောင့် ကောင်းတာရော မကောင်းတာရော လုပ်ခဲ့ကြတယ်။ အဲဒီကံတရားတွေကြောင့် မျက်မှောက်ဘ၀မှာ ကောင်းကျိုး ဆိုးကျိုး နှစ်မျိုးလုံး ကြုံတွေ့ရမှာပါပဲ။
ဒီတော့ အကောင်းနဲ့ ကြုံတွေ့ရလည်း ``ကံသာလျှင်အမိ ကံသာလျှင် အဖ၊ ကုသိုလ်ကံရှိလို့ ရတာပဲ´´လို့ ကျေကျေနပ်နပ် လက်ခံနိုင်ရမယ်။
အဆိုးနဲ့ ကြုံတွေ့ရလည်း ``ဘယ်သူမပြု မိမိမှု၊ အကုသိုလ်ကံရဲ့ အကျိုးပဲ´´လို့ ကျေကျေနပ်နပ် လက်ခံနိုင်ရမယ်။
ဒါကြောင့် ပန်းခင်းလမ်း လျှောက်လှမ်းတဲ့အခါ ကျေကျေနပ်နပ် လက်ခံနိုင်သလို ဆူးခင်းလမ်း လျှောက်လှမ်းတဲ့အခါ ကျေကျေနပ်နပ် လက်ခံနိုင်ရမယ်။
ဘ၀ဆိုတာ အကောင်းချည်းပဲ သက်သက် မရနိုင်ဘူး။ အသက်ရှည်ချင်တယ်ဆိုရင် ``အိုခြင်းဒုက္ခ´´ကိုတော့ လက်ခံရမယ် လေ။ ဒါဟာ သဘာဝတရားပဲ။
ဘ၀ဆိုတာ ယာယီ
နောက်တစ်ခု၊ ``ဘ၀ဆိုတာ ယာယီပဲ´´လို့ နှလုံးသွင်းရင်လည်း ရခြင်း မရခြင်းကြောင့် စိတ်ဟာ ဘာမှ မဖြစ်တော့ဘူး။
ဘ၀ဆိုတာ ပုံသေ တွက်လို့ မရဘူး။ ယနေ့ သူဋ္ဌေးသားဟာ ကံမကောင်း အကြောင်းမလှရင် နောက်နေ့ ဆင်းရဲသား ဖြစ်သွားနိုင်တယ်။ ယနေ့ ရှင်ဘုရင်သည် နောက်တနေ့ အကျဉ်းသား ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ဘ၀ဆိုတာ ယာယီ။
ခန်းနားတဲ့ တိုက်ပေါ်မှာ နေရလဲ ယာယီပဲ၊ လမ်းဘေးက အမှိုက်ပုံနားမှာ နေရလဲ ယာယီပဲ။ ယာယီကို ယာယီလို့ သိရင် ရင့်ကျင်သူပဲ။ ယာယီကို ထာဝရထင်ပြီး ဆုပ်ကိုင်ထားရင် လက်လွှတ်လိုက်ရပြီဆိုတဲ့အခါ ၀မ်းနည်းပက်လက် ဖြစ်သွားတယ်။
ဒါကြောင့် ရွှေခွက်နဲ့ မြေခွက်ကို တသားတည်းမြင်အောင် ``အရာရာတိုင်းဟာ ယာယီပဲ´´လို့ နှလုံးသွင်းပါ။ ဒါဆိုရင် အကောင်းအဆိုးကို ဥပေက္ခာထားနိုင်သွားပါလိမ့်မယ်။
ဥပေက္ခာထားနိုင်လေ တည်ငြိမ်လေ။ တည်ငြိမ်လေ စိတ်ချမ်းသာလေပါ။ ဒါကြောင့် မိမိတို့ရဲ့ ``နှလုံးသား´´ကို ``ဥပေက္ခာနှလုံးသား´´ ဖြစ်အောင် တည်ဆောက်ကြပါ။
ဥပေက္ခာရှိသူရဲ့ စိတ်ဓာတ်ဟာ တည်ငြိမ်မှု ရင့်ကျက်မှုတို့ကြောင့်
မည်သည့်အကြောင်းကြောင်းမှ တုန်လှုပ်မှုဆိုတာ မရှိတော့ပါဘူး။
ဒါဆိုရင် ဘဝဟာ ငြိမ်းချမ်းပြီပေါ့။
----------------
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
Share:

0 comments:

Post a Comment

Powered by Blogger.

Recent Posts

Unordered List

Pages

Theme Support