Monday, 25 March 2019

ဖြစ်ချင်ရာဖြစ် စိတ်မညစ်နဲ့ ~~~~~~~~~~~~~~

ဓာတ်ပုံရှင်းလင်းဖော်ပြချက်ကို ကြည့်၍မရနိုင်ပါ။
 
 🔸 ဖြစ်ချင်တာလည်း ရှိရမယ်။
ဖြစ်နေတာလည်း သိရမယ်။
ဖြစ်သင့်တာလည်း ကြည့်ရမယ်။
🔹 ဖြစ်ချင်မှု နောက်ချည်းလိုက်နေလို့လည်း မဖြစ်ဘူး။ ဖြစ်ချင်တာတွေက ပြီးပြည့်စုံတယ်မှ မရှိတာ။ ကိုယ်ဖြစ်နေရတဲ့ အခြေအနေမှန်ကို သိပြီး ဖြစ်ချင်တာကို မြိုသိပ်ထားသင့်ရင် ထားရမှာပဲ။ ဖြစ်ချင်တာထက် ဖြစ်နေတဲ့ အနေအထားကိုကြည့်ပြီး ဖြစ်သင့်တာကို ရွေးချယ်တာက အကောင်းဆုံးပေါ့။
🔸 ဖြစ်ချင်တာတွေ မဖြစ်လို့လည်း ကိုယ့်ဘဝကို မနစ်မွန်းစေနဲ့။ ဖြစ်နေတဲ့ အနေအထားကို သိအောင်ကြိုးစားပြီး ဖြစ်သင့်တာကို လက်ခံနိုင်ရမယ်။
🔹 မဖြစ်လို့လည်း မဆဲနဲ့။
ဖြစ်နေလို့လည်း မကဲနဲ့။
မမြဲတဲ့ဘဝမှာ အလွဲမကျဖို့ပဲ ကြိုစားရမှာပေါ့။
မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ
Share:

0 comments:

Post a Comment

Powered by Blogger.

Recent Posts

Unordered List

Pages

Theme Support