Monday, 25 March 2019

သေမှာ မကြောက်ကြသူများ ~~~~~~~~~~~~~~~~~~-

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: စာသား

 ၁။ ကိလေသာအာရုံ ကာမဂုဏ်တရားများ၌ တွယ်တာမက်မော တပ်မက်ခြင်းကင်းသူ
၂။ မိမိခန္ဓာကိုယ်အပေါ် တွယ်တာမက်မောတပ်မက်ခြင်း ကင်းသူ
၃။ မကောင်းမှု အကုသိုလ်ကိုရှောင်၍ ကုသိုလ်တရားကို ဆောင်ထားသူ
၎။ သူတော်ကောင်းတရား၌ သံသယကင်းပြီး တရားနှင့်အညီ ကျင့်ကြံနေထိုင်သူ
ဤသူတို့သည် သေခြင်းတရားနှင့် ရင်ဆိုင်တွေ့ကြုံရသော်လည်း သေရမည်ကို မကြောက်ကြပေ။
(အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ အဘယသုတ်)
ဆောင်
~~~~~
# ကာမဂုဏ်တွင်၊ မက်မောလျှင်၊ သေရင်ကြောက်ရသည်။
ကာမဂုဏ်တရား၊ ပယ်ရှောင်ရှား၊ သေငြားမကြောက်ပြီ။
# ခန္ဓာကိုယ်တွင်၊ မက်မောလျှင် သေရင်ကြောက်ရသည်။
ခန္ဓာကိုယ်အား၊ မမက်ငြား၊ သေငြားမကြောက်ပြီ။
# အကုသိုလ်တွင်၊ မရှောင်ကြဉ်၊ သေလျှင်ကြောက်ရသည်။
အကုသိုလ်တရား၊ ပယ်ရှောင်ရှား၊ သေငြားမကြောက်ပြီ။
# သူတော်ကောင်းတရားတွင်၊ သံသယဝင်၊ သေလျှင်ကြောက်ရသည်။
သူတော်ကောင်းတရား၊ ကျင့်ကြံပွား၊ သေငြားမကြောက်ပြီ။
မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ
Share:

0 comments:

Post a Comment

Powered by Blogger.

Recent Posts

Unordered List

Pages

Theme Support