Monday, 25 March 2019

"ဒီနေ့ကစပြီး ကိုယ့်အကြောင်းပဲတွေးပြီး ကိုယ်ကောင်းအောင်နေ" <><><><><>


 ဓာတ်ပုံရှင်းလင်းဖော်ပြချက်ကို ကြည့်၍မရနိုင်ပါ။


ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းနှစ်ခုကြားမှာ
မရှုမလှကျဆုံးသွားရတာဟာလည်း
သူ့အကြောင်းတွေကိုပဲ ဦးစားပေးခဲ့လို့ပါ..
ဒါကြောင့်
သူများ ကိုယ့်အပေါ် အလိုမကျလို့ပြောတဲ့စကားတွေကို
မကျေမနပ်စိတ်ဝယ်မှတ်၍
မပြတ်ခါခါ အောက်မေ့ဆင်ခြင်၍ မနေပါနဲ့..
သူများ ဘာတွေလုပ်တယ် ဘာတွေမလုပ်ဘူးဆိုတာကို
အလုပ်တစ်ခုသဖွယ် အချိန်ကုန်ခံပြီး စဉ်းစား၍မနေပါနဲ့..
တန်ဖိုးရှိတဲ့ လူ့ဘဝကိုရခိုက်မှာ
မြင့်မြတ်တဲ့အလုပ်တွေကို ငါဘယ်လောက်ထိလုပ်ပြီးပြီလဲ
ငါဘယ်လောက်လုပ်ရသေးတယ်ဆိုတာကိုပဲ စဉ်းစားသင့်ပါတယ်..
သင့်ဘဝမှာ
သူတစ်ပါးအကြောင်းတွေးတာတွေနဲ့ အချိန်မကုန်ပါစေနဲ့..
ကိုယ့်ရဲ့အကြောင်းကိုပဲတွေးပြီး
ကိုယ်ကောင်းအောင်နေကြဖို့ပါပဲ..
ကိုယ့်အကြောင်းကို မတွေးပဲ
သူတစ်ပါးအကြောင်းတွေနဲ့ပဲ အချိန်ကုန်ကြလို့
ကိုယ်လုပ်ရမယ့်အလုပ်တွေ မလုပ်ရင်တော့
လူဖြစ်ရှုံးပါပြီ..။
သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ
Share:

0 comments:

Post a Comment

Powered by Blogger.

Recent Posts

Unordered List

Pages

Theme Support