ဥပေက္ခာဆိုတာ တည်ငြိမ်တဲ့စိတ်။
ဟိုဘက်လည်း မလိုက်ဘူး။ ဒီဘက်လည်း မလိုက်ဘူး။
ရှင်းအောင်ပြောရလျှင် အောင်မြင်လို့လဲ ၀မ်းမသာဘူး၊ ဆုံးရှုံးလို့လဲ ၀မ်းမနည်းဘူး။
ဟိုဘက်လည်း မလိုက်ဘူး။ ဒီဘက်လည်း မလိုက်ဘူး။
ရှင်းအောင်ပြောရလျှင် အောင်မြင်လို့လဲ ၀မ်းမသာဘူး၊ ဆုံးရှုံးလို့လဲ ၀မ်းမနည်းဘူး။
ဘယ်လောက် ဆိုးဝါးတဲ့လောကဓံနဲ့ တွေ့တွေ့ ယောက်ယက်မခတ်ဘူး။
နတ်သုဒ္ဓါ စားရလို့လဲ မပြုံးပါဘူး၊ ထမင်းကြမ်းခဲ စားရလို့လဲ မမဲ့ဘူး။
အကောင်းအဆိုး နှစ်မျိုးလုံးကို တည်ငြိမ်စွာ လက်ခံတယ်။
ဒါကြောင့် ``ဥပေက္ခာ´´ဆိုတာ အလွန်တည်ငြိမ်တဲ့ စိတ်ပါပဲ။
နတ်သုဒ္ဓါ စားရလို့လဲ မပြုံးပါဘူး၊ ထမင်းကြမ်းခဲ စားရလို့လဲ မမဲ့ဘူး။
အကောင်းအဆိုး နှစ်မျိုးလုံးကို တည်ငြိမ်စွာ လက်ခံတယ်။
ဒါကြောင့် ``ဥပေက္ခာ´´ဆိုတာ အလွန်တည်ငြိမ်တဲ့ စိတ်ပါပဲ။
ရလာဒ်က အတူတူပါပဲ
-------------------
-------------------
တချို့ကျတော့ အောင်မြင်ရင် အူယားဖားယား ပျော်တယ်။ ထီပေါက်တဲ့
မျက်နှာလိုပေါ့။ ဆုံးရှုံးလျှင်လည်း သေမတတ် ဖြစ်သွားတယ်။
မြှားမှန်တဲ့သမင်လိုပဲ။
အဲဒါ မရင့်ကျက်လို့။
ဘာ့ကြောင့် မရင့်ကျက်တာလဲ၊ ဥပေက္ခာ မထားနိုင်လို့ပါ။
အဲဒါ မရင့်ကျက်လို့။
ဘာ့ကြောင့် မရင့်ကျက်တာလဲ၊ ဥပေက္ခာ မထားနိုင်လို့ပါ။
တကယ်တော့ ရလာဒ်က အတူတူပါပဲ။
ရတဲ့အခါ များများ ၀မ်းသာတဲ့သူဟာ မရတဲ့အခါ များများ ၀မ်းနည်းရတာပဲ။
ရတဲ့အခါ နည်းနည်း ၀မ်းသာတဲ့သူဟာ မရတဲ့အခါ နည်းနည်းပဲ ၀မ်းနည်းရတယ်။ ရတဲ့အခါ လုံးဝ ၀မ်းမသာတဲ့သူဟာ မရတဲ့အခါ လုံးဝ ၀မ်းမနည်းရတော့ဘူး။
ရတဲ့အခါ များများ ၀မ်းသာတဲ့သူဟာ မရတဲ့အခါ များများ ၀မ်းနည်းရတာပဲ။
ရတဲ့အခါ နည်းနည်း ၀မ်းသာတဲ့သူဟာ မရတဲ့အခါ နည်းနည်းပဲ ၀မ်းနည်းရတယ်။ ရတဲ့အခါ လုံးဝ ၀မ်းမသာတဲ့သူဟာ မရတဲ့အခါ လုံးဝ ၀မ်းမနည်းရတော့ဘူး။
ဒါကြောင့်
ဘယ်အရာမဆို ပျက်စီးဆုံးရှုံးရမှာဖြစ်တဲ့အတွက်
ဘာတွေရရ ၀မ်းမသာဘဲ တည်ငြိမ်တဲ့စိတ်နဲ့ လက်ခံနိုင်ဖို့ လိုပါတယ်။
တည်ငြိမ်တဲ့စိတ်နဲ့ လက်ခံတဲ့သူဟာ ပျက်စီးဆုံးရှုံးသွားတဲ့အခါမှာလည်း ၀မ်းမနည်းတော့ပါဘူး။
ဘာတွေရရ ၀မ်းမသာဘဲ တည်ငြိမ်တဲ့စိတ်နဲ့ လက်ခံနိုင်ဖို့ လိုပါတယ်။
တည်ငြိမ်တဲ့စိတ်နဲ့ လက်ခံတဲ့သူဟာ ပျက်စီးဆုံးရှုံးသွားတဲ့အခါမှာလည်း ၀မ်းမနည်းတော့ပါဘူး။
တစုံတစ်ယောက်က ``မိတ်ဆွေ ခင်ဗျား ထီပေါက်တယ်´´လို့ ပြောလဲ ပုံမှန်လေးပဲ။ အလွန်အမင်း ၀မ်းမသာဘူး။
``မိတ်ဆွေ ခင်ဗျား အိမ် မီးလောင်သွားပြီ´´လို့ ပြောလဲ ပုံမှန်လေးပဲ။
ဝမ်းနည်းပက်လက် ဖြစ်မသွားဘူး။
အဲဒါကိုပဲ ``ဥပေက္ခာ´´လို့ ပြောတာပါ။
``မိတ်ဆွေ ခင်ဗျား အိမ် မီးလောင်သွားပြီ´´လို့ ပြောလဲ ပုံမှန်လေးပဲ။
ဝမ်းနည်းပက်လက် ဖြစ်မသွားဘူး။
အဲဒါကိုပဲ ``ဥပေက္ခာ´´လို့ ပြောတာပါ။
အော် ဟုတ်လား
---------------
---------------
ပုံပြင်တစ်ပုဒ်။
ရှေးတုံးက အကျင့်သိက္ခာ အလွန်ကောင်းတဲ့ ဘုန်းကြီးတစ်ပါး ရှိခဲ့ဖူးတယ်။ အဲဒီဘုန်းကြီးနေတဲ့ ကျောင်းက ဆင်းရဲသား ရပ်ကွက်ထဲမှာတဲ့။
ရှေးတုံးက အကျင့်သိက္ခာ အလွန်ကောင်းတဲ့ ဘုန်းကြီးတစ်ပါး ရှိခဲ့ဖူးတယ်။ အဲဒီဘုန်းကြီးနေတဲ့ ကျောင်းက ဆင်းရဲသား ရပ်ကွက်ထဲမှာတဲ့။
အဲဒီရက်ကွက်ထဲက ကလေးမလေး တစ်ယောက်ဟာ လူငယ်လေးတစ်ယောက်နဲ့ သံယောဇဉ်ဖြစ်ပြီး
အတူ နေကြတယ်။ ဒါနဲ့ ကိုယ်ဝန်ရပါလေရော။ အဲဒီအချိန်မှာပဲ လူငယ်လေးက
ခရီးထွက်သွားတယ်။ မကြာခင် ကလေးဖွားမြင်လာတယ်။
ကလေးမလေးရဲ့ အမေက
``ဘယ်သူနဲ့ ရတာလဲ ပြော´´ဆိုတော့ ကလေးမလေးက လူငယ်လေးက မရှိတော့ ကြံရာမရ
ဖြစ်နေတယ်။ အမေဖြစ်သူက အတင်းအကျပ်မေးတော့ ``ဟောဒီကျောင်းက
ဘုန်းကြီးနဲ့´´ဆိုပြီး ပြောမိပြောရာ ပြောလိုက်တယ်။
အဲဒီတော့
အမေဖြစ်သူက ဒေါသဖြစ်ပြီး မြေးကလေးကို ယူပြီး ကျောင်းသွားတယ်။
ကျောင်းရောက်တဲ့အခါ ဘုန်းကြီးကို စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တယ်။
``အရှင်ဘုရားကို ပြောစရာ ရှိပါတယ်´´။
ဘုန်းကြီးက ``ပြောပါ
ဒကာမကြီး´´ဆိုတော့ ``အရှင်ဘုရား တော်တော်ယုတ်မာတယ်၊ တပည့်တော် သမီးက
ပြောတယ်၊ ဒီကလေးဟာ အရှင်ဘုရားနဲ့ ရတာ၊ ဒီတော့ ဒီကလေးဟာ အရှင်ဘုရားရဲ့
သားပဲ´´ဆိုပြီး ကလေးကို ဘုန်းကြီး လက်ထဲ ထည့်လိုက်တယ်။
ဒီတော့ ဘုန်းကြီးက ဘာမှ ရှည်ရှည်ဝေးဝေး မပြောဘူး။ တစ်ခွန်းထဲပဲ ပြောလိုက်တယ်။
``အော် ဟုတ်လား´´။
အဲဒီနောက် မကြာခင် ကလေးမလေးနှင့် သံယောဇဉ်ဖြစ်နေတဲ့ လူငယ်လေး
ခရီးသွားရာကနေ ပြန်လာတယ်။ ဒီတော့ ကလေးမလေးက အဲဒီအကြောင်းကို ပြောလိုက်တယ်။
လူငယ်လေးက စိတ်မကောင်းဖြစ်ပြီး ကျောင်းသွားပြီး ကလေးကို ပြန်ယူဖို့
ပြောတယ်။ ဒါနဲ့ ကလေးမလေးက အမေဖြစ်သူက အမှန်တိုင်း ပြောပြလိုက်တယ်။
အဲဒီကျတော့မှ အမေဖြစ်သူဟာ ``ငါ့ သမီးရယ်၊ မိုက်လိုက်တာ၊ ဒုက္ခပါပဲ၊
ဘာဖြစ်လို့ ဘုန်းကြီးကို ဆွဲထည့်တာလဲ´´ဆိုပြီး ဘုန်းကြီးကို အားနာသွားတယ်။
အဲဒီနောက် ကျောင်းကို သွားပြီး ဘုန်းကြီးကို ရှိခိုးပြီး ရိုရိုသေသေ
လျှောက်တယ်။
``အရှင်ဘုရား တပည့်တော်ပေးတဲ့ ကလေး ရှိတယ်မို့လားဘုရား´´။
``ဒကာမကြီး ရှိပါတယ်´´ဆိုတော့ `` မှန်ပါ၊ ဒီကလေးက အရှင်ဘုရားနှင့်
မဆိုင်ပါဘူး၊ တပည့်တော် အရှင်ဘုရားကို အပြစ်မရှိဘဲနဲ့ စွပ်စွဲ
မိပါတယ်ဘုရား၊ တပည့်တော်ကို ခွင့်လွှတ်ပါ၊ ဒီကလေး
ပြန်ယူသွားမယ်ဘုရား´´ဆိုပြီး ကလေးကို ယူလိုက်တယ်။
အဲဒီလိုပြောတဲ့အခါမှာလည်း ဘုန်းကြီးက ရှည်ရှည်ဝေးဝေး မပြောဘူး။ အေးအေးဆေးဆေး တစ်ခွန်းထဲ ပြောလိုက်တယ်။
``အော် ဟုတ်လား´´တဲ့။
ဘုန်းကြီးဟာ စွပ်စွဲကဲ့ရဲ့ခံရလို့လဲ ၀မ်းမနည်းဘူး။
အမှန်အတိုင်း ပြောပြီး တောင်းပန်လို့လဲ ဘာမှ မဖြစ်ဘူး။တည်ငြိမ်တဲ့ စိတ်နဲ့ လက်ခံလိုက်တယ်။ အဲဒါ ``ဥပေက္ခာ´´ ပဲ။
ဒီတော့ ဥပေက္ခာဆိုတာ ``အော် ဟုတ်လား´´လို့ ပြောနိုင်လောက်အောင် ရင့်ကျက်တဲ့ စိတ်ပါပဲ။
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
Credit La War So