Tuesday, 21 February 2017

“မတူရင် မတုပါနဲ့” ++++++++++++

 Image may contain: 1 person, text
  အညတရ ဘိက္ခု
 • လောကမှာ လူရယ်လို့ဖြစ်လာရင်
• လူတွေအားလုံးနဲ့ဆက်ဆံပြောဆိုနေရမှာပဲ
• ဒါကလူ့ပတ်ဝန်းကျင်ပဲမို့လား?
• အသိုင်းအ၀ိုင်းတွေ၊ အဖွဲ့အစည်းတွေ အားလုံးနဲ့ဆက်ဆံနေရမှာပဲ
• ဒါကလူတစ်ယောက်နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာ (သို့) ဖြစ်စဉ်ပဲ
• သင်ရင်ဆိုင်နေရတဲ့ အခြေအနေက ကောင်းတာလည်းရှိနိုင်သလို
• မကောင်းတာတွေလည်း ရှိနိုင်ပါတယ်
• ဒါကသဘာဝကျပါတယ်…
• လူလူချင်းတူပေမယ့် အသက်ရှုတာချင်းမတူသလိုပေါ့
• တစ်ခါတစ်လေ ကိုယ်ကကောင်းတာတွေကို လုပ်နေပေမယ့်
• ဆန့်ကျင်ဘက်တွေ ဖြစ်လာတတ်ပါတယ်
• ဒါတွေကို ဦးနှောက်အစားခံပြီး တွေဝေမနေပါနဲ့
• သင့်ဘ၀မှာ ရရှိပိုင်ဆိုင်ထားတဲ့ အချိန်တွေပုတ်လွန်းပါတယ်
• အားလုံးကို ဥပေက္ခာ ပြုထားလိုက်ပါ
• သူတစ်ပါး မကောင်းတိုင်း၊ သူတစ်ပါး ဆိုးသွမ်းတိုင်းသာ လိုက်ပြီးဆိုးသွမ်းနေရင်
• သင်လူမိုက်ကြီးဖြစ်သွားမှာပေါ့…
• ဒါကမကောင်းတဲ့ လုပ်ရပ်ပဲ
• အဲ့လိုအဖြစ်မျိုးကို ဘယ်တော့မှ အရောက်မခံပါနဲ့
• မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ပါ
• တန်ဖိုးရှိအောင်နေထိုင်ကျင့်သုံးပါ
• သူက ငါ့ပေါ်မှာ မှ မကောင်းတာပဲ
• သူ့အပေါ်ဘာလို့ကောင်းရမလဲဆိုတဲ့ အတွေးမျိုးမ၀င်ပါစေနဲ့
• အတတ်နိုင်ဆုံးကောင်းအောင်ကြိုးစားပြီးနေထိုင်ပါ
• မကောင်းတဲ့သူတစ်ယောက်နဲ့ ယှဉ်ပြီးဘယ်တော့မှ
• စကားနိုင်စစ်ထိုးမနေပါနဲ့
• သန့်ရှင်းတဲ့ သင့်ရဲ့စိတ်ကလေး ညစ်တေသွားပါလိမ့်မယ်
• တကယ်လို့ သင်ကသာ မကောင်းတဲ့သူနဲ့
• ယှဉ်ပြီး လိုက်ထုနေရင်
• ဒီဖြစ်ရပ်တွေကို မြင်သွားတဲ့သူကရော
• သင့်ကိုဘယ်လိုထင်မလဲ?
• မကောင်းတဲ့သူ လို့ပဲ ထင်မှာပဲ
• အမှန်က ကိုယ်ကိုတိုင်က တကယ်လည်းကောင်းပါတယ်
• ဒါပေမယ့် သည်းခံ ချင်စိတ်တွေမရှိပဲ
• ထပြီးပေါက်ကွဲတဲ့အချိန်မှာ တစ်ခြားသူတွေလည်းမြင်ရော
• သင့်က လူဆိုးဖြစ်နေတာပေါ့
• လူဆိုးအဖြစ်မခံပါနဲ့
• သင့်ပတ်ဝန်းကျင်က သင့်ကို အမြဲစောင့်ကြည့်နေတာပါ
• တကယ်လို့…
• “သင်ကောင်းတာလုပ်ရင်သာ ငြိမ်နေတတ်တာပါ
• သင်တစ်ချက်လေးမကောင်းလို့ကတော့
• ကမ္ဘာပတ်ပြီး အခမဲ့လျှောက်ပြောနေကြတဲ့သူတွေချည်းပဲ”
• အဲ့ဒါကြောင့် မကောင်းတဲ့သူတွေနဲ့
• ယှဉ်ပြိုင်ထုဖက်ပြီး စကားနိုင်လုမနေပါနဲ့
• မကောင်းတဲ့သူက ဘာမှမပြောင်းလဲဘူးနော်
• ကောင်းတဲ့သူကသာ တကယ်နစ်နာသွားတာ
• တကယ်လို့သင်က အဲ့လိုဖြစ်ခဲ့မယ်ဆိုရင်
• နောက်ထပ်တွေ့ကြုံလာလည်း
• ထပ်ပြီးရင်ဆိုင်ထုဖက်ဖို့ တွေဝေနေမှာမဟုတ်လောက်ဘူး
• ပိုပြီးအတွြေ့ ကုံရှိလာတဲ့အတွက် ယှဉ်ပြိုင်ဖို့
• သတ္တိကြောင်နေမှာတော့မဟုတ်လောက်ဘူး
• တကယ်ကြာလာတော့…
• တကယ့်ကို မကောင်းတဲ့သူတစ်ယောက်ဖြစ်သွားတာပေါ့
• ဥပမာ-လူဆိုးတစ်ယောက်က ဆိုးပဲဆိုးတတ်တာ
• လူမသတ်ရဲဘူး ဒါပေမယ့် ဆိုးတဲ့အခါ ဘာမှသိပ်မမြင်တတ်ဘူးဆိုတာ
• အမှတ်မထင် လူသတ်မိလိမ့်မယ် ဒါပေမယ့် အဲ့တစ်ကြိမ်သာ
• ကြောက်ရွံ့နေပါလိမ့်မယ် နောက်ဆိုရင် သူလက်တွေက လူသတ်ဖို့ယဉ်ပါး နေပါလိမ့်မယ်
• ဒီလိုပဲ သဘာဝဆိုတာ…
• “ကိုယ်က ၀ါသနာပါလို့ လုပ်နေတာတော့မဟုတ်ဘူး၊ လုပ်ရင်းနဲ့ ၀ါသနာဖြစ်သွားသလိုပေါ့”
• အဲ့လိုအဖြစ်မျိုးကို ဘယ်တော့အဖြစ်မခံပါနဲ့
• လူ့ဘ၀ဆိုတာ အမတန်ရခဲလှပါတယ်
• ရခဲလှတဲ့ဘ၀လေးကို အဓိပ္ပါယ်ရှိရှိလေးကုန်ဆုံးသွားတော့
• ပိုမကောင်းဘူးလား?
• ဒါတွေအားလုံးက ကာယကံရှင်တွေ ကိုယ်တိုင်ပဲသိပါလိမ့်မယ်
• တကယ်လို့ မလွှဲမရှောင်သာလို့ဖြစ်ခဲ့ရင်တောင်
• သင်အရှုံးပေးပြီး အနိုင်ယူလိုက်ပါ
• ဆိုလိုတာက သူဘယ်လောက်ပဲကိုယ့်အပေါ်အဆိုးမြင်နေပါစေ
• ရိုင်းစိုင်းတဲ့တုန့်ပြန်မှုတွေ ဘယ်တော့မှ မပြုလုပ်ပါနဲ့
• သူ့စကားက ကိုယ့်အပေါ်နိုင်ချင်နိုင်နေလိုက်မယ်
• မေတ္တာတရားချင်းယှဉ်လိုက်ရင်တော့ သင်ကအမတန်ကို တန်ဖိုးရှိတဲ့အနိုင်ယူချင်းပဲ
• “သည်းခံတာထက်ကျော်လွန်ပြီး သည်းခံနိုင်စွမ်းရှိတဲ့သူကို သမာတိအားကောင်းတဲ့သူလို့ခေါ်တယ်”
• ဆန့်ကျင်ဘက်အနေနဲ့ သင်က အဲ့လို ရိုင်းစိုင်းရတော့မယ့်အခြေနေနဲ့ကြုံလာမယ်ဆိုရင်လည်း
• ဘယ်တော့မှ အရိုင်းစိုင်းတစ်ယောက်အဖြစ်မခံပါနဲ့
• ပြဿနာတစ်ခုကို အဖြေရှာပြီး အေးအေးလူလူဖြေရှင်းတာက
• သင်လိုချင်တဲ့အဖြေမှန်တွေ၊ အမှန်တရားတွေကို ရယူဖို့ပိုပြီးမြန်ဆန်ပါလိမ့်မယ်
• ဘယ်လိုအခက်ခဲမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရပါစေ
• တည်ငြိမ်စွာဖြတ်ကျော်မယ်ဆိုရင်
• သင်ဟာဘယ်တော့မှ အဆိုးဆုံးလူတစ်ယောက်ဖြစ်လာနိုင်စရာ
• အကြောင်းလုံးဝ မရှိနိုင်ဘူးဆိုတာ အာမခံပါတယ်

(လူသားအားလုံးတည်ငြိမ်အေးချမ်းတဲ့ဘ၀ကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်)
မေတ္တာဖြင့်
ကိုရဲ(Barlarlar)
www.facebook.com/barlarlarmyanmar
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support