Saturday, 16 June 2018

Image may contain: text
 ❀ ဘယ်လောက်ပဲ ကျောင်းကြီးတွေ ဆောက်ဆောက်၊ ဘယ်လောက်ပဲ ဘုရားကြီးတွေ တည်ထားထား မြတ်စွာဘုရားဟောတဲ့တရား ပျောက်ကွယ်ပြီဆိုရင် သာသနာကွယ်တယ်လို့ ပြောရမှာပဲ။ ဘာဖြစ်လို့တုန်းဆိုရင် ကြည့်လေ- ပါကစ္စတန်နိုင်ငံမှာ ဘုရားပုထိုးတွေ ရှိတယ်လေ၊ ပြတိုက်ထဲမှာ ဘုရားရုပ်ပွားတော်တွေရှိတယ်လေ။ ဒါပေမယ့် ပါကစ္စတန် တစ်နိုင်ငံလုံးကလူတွေရဲ့ နှလုံးသားထဲမှာ ဘုရားတရားမရှိတော့ဘူးနော်။
❀ အိန္ဒိယနိုင်ငံမှာ မြတ်စွာဘုရား သီတင်းသုံးခဲ့တဲ့နေရာတွေ ကျောင်းနေရာဟောင်းတွေ ရှိတယ်လေ။ သို့သော် လူတွေရဲ့နှလုံးသားထဲမှာ တရားမရှိတော့ဘူးဆိုရင် သာသနာကွယ်တာပဲပေါ့။
❀ အဲဒီတော့ မြန်မာနိုင်ငံမှာလည်းပဲ အခု နိုင်ငံသူနိုင်ငံသားတွေက ထိုက်သင့်သလောက် မြတ်စွာဘုရားတရားတော်ကို နာကြတယ်၊ လေ့လာကြတယ်၊ သင်ယူကြတယ်။ ဟို ရန်ကုန်တို့မှာဆိုလို့ရှိရင် အဘိဓမ္မာသင်တန်းတွေ၊ မန္တလေးမှာလည်း အခု အဘိဓမ္မာသင်တန်းတွေ စသင်လာတယ်၊ ဝိသုဒ္ဓိမဂ်သင်တန်းတွေတို့ သံယုတ်ပါဠိတော် သင်တန်းတွေတို့ ဒီလို သင်ယူလာကြတာဟာ ဒါက မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်လာတယ်လို့ပဲ ဒီလိုပြောရမယ်။ အဲဒီလို သင်ယူခြင်းဟာ သာသနာတည်တံ့ခြင်းရဲ့အကြောင်းတစ်ခုဖြစ်တယ်ဆိုတော့ မသင်ယူခြင်းဟာ သာသနာပျက်ခြင်းရဲ့အကြောင်းလို့ ဒီလိုပဲ ပြောရမှာပဲ။
❀ အေး- ဒါကြောင့်မို့လို့ မှန်ကန်တဲ့တရားကို သိဖို့အတွက် မှန်ကန်တဲ့စာပေကို သင်ရမယ်။ အဲဒီလို မသင်ဘူးဆို့ရှိရင် တစ်ဦးတစ်ယောက်က `ဒါ ဘုရားဟောပါ´လို့ လက်ခံပြီးတော့ မမှန်ကန်တဲ့တရားတစ်ခုကို အမှန်အကန်တရားလို့ ထင်ပြီးတော့ လိုက်နာကျင့်သုံးလို့ရှိရင် ကိုယ်ကျိုးနည်းသွားမယ်။အများကြီး လမ်းမှားပြီးတော့ ရောက်သွားနိုင်တယ်။
❀ ဒီကနေ့ခေတ်မှာ လမ်းဆိုတာ လမ်းအစစ်လိုလိုနဲ့ အတုအယောင်တွေက အင်မတန်မှ များလှသည့်အတွက်ကြောင့် မမှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်သွားလို့ရှိရင် မမှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်သွားလို့ရှိရင် မမှန်ကန်တဲ့ ခရီးဆုံးနဲ့ တွေ့သွားမှာပဲပေါ့။ အဲဒီတော့ လမ်းမှားသွားပြီဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သွားလိုတဲ့ နေရာလည်း ရောက်မှာ မဟုတ်ဘူး။ မမှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်မိသည့်အတွက် ဒုက္ခရောက်နိုင်တယ်ပေါ့။
ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်
Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support