Saturday, 16 June 2018

စိတ်သောကကြုံတဲ့အခါ သတိရသင့်တဲ့စကားကြီး ၃ ခွန်း ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

 Image may contain: text
 ❀ အသက်တစ်ရာမနေရပေမဲ့ အမူတစ်ရာတွေ့ရပါတယ်လို့ လူကြီးသူမတွေပြောဆိုတာကို ခဏခဏကြားဖူးပါတယ်။ ကံဆိုးမိုးမှောင်ကျလို့ စိတ်အကျဉ်းအကျပ်ထဲ ရောက်နေတဲ့ အခါပဲဖြစ်ဖြစ် စိတ်သောကအကြီးအကျယ်ဖြစ်နေတဲ့ အချိန်အခါပဲဖြစ်ဖြစ် ကိုယ့်စိတ်ကိုကိုယ်ဖြန်ဖြေတတ်ဖို့ အလွန် အရေးကြီးပါတယ်။ အဲဒီအချိန်မျိုးမှာ အောက်ပါစကား ၃ ခွန်းကိုသတိရဖို့လိုပါတယ်။
၁။ ရှိပါစေတော့
❀ စွန့်စားတိုင်းအကျိုးအမြတ်ရတာမဟုတ်သလို ကြိုးစားတိုင်းလည်း အောင်မြင်ချင်မှ အောင်မြင်မှာ ဖြစ်ပါတယ်။ အကောင်းဆုံးကြိုးစားခဲ့တဲ့ အနေအထားမှာ ကိုယ်မျော်လင့်ခဲ့တဲ့အတိုင်း ဖြစ်မလာခဲ့ရင် နေပါစေတော့၊ ရှိပါစေတော့ ဆိုတဲ့စကားနဲ့ ကိုယ့်စိတ်ကို ကိုယ်ဖြေလို့ရပါတယ်။
၂။ အရေးမကြီးပါဘူး
❀ ဘယ်လောက်ကြီးမားတဲ့ ပြဿနာနဲ့ပဲ ကြုံနေပါစေ အရေးမကြီးပါဘူးဆိုတဲ့ စိတ်နေစိတ်ထားနဲ့ ရင်ဆိုင်သင့်ပါတယ်။ ပြဿနာကို ပေါ့ပေါ့တန်တန် သဘောထားခိုင်းခြင်းမျိုး မဟုတ်ပါ။ အရေးကြီးတယ်လို့ ထင်မြင်လွန်းရင် ခေါင်းပူသွားတတ်ပါတယ်။ ခေါင်းအေးအေးထားနိုင်ခြင်း၊ အကောင်းမြင်အောင် ကြည့်တတ်ခြင်းနဲ့ အပြုသဘောဆောင်အောင်တွေးတောတတ်ခြင်းဟာ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးခြေလှမ်းဖြစ်တတ်ပါတယ်။ ဘ၀ကံကြမ္မာဟာ လူတစ်ဦးအတွက် အခွင့်အရေးတံခါး တစ်ပေါက် ပိတ်ဆို့လိုက်ပေမဲ့ အခြားတနေနေရာမှာ ပြူတင်းတစ်ပေါက် ပြန်ဖွင့်ပေးလေ့ရှိတတ်ပါတယ်။
၃။ ပြီးဆုံးသွားမှာပါ။
❀ သန်ခေါင်ယံထက်ညဉ်မနက်ပါဘူး၊ အချိန်ဟာ ဝေဒနာကိုကုစားဖို့ အကောင်းဆုံးဆေးဝါးဖြစ်တတ်ပါတယ်။ မိုးကြီးလေကြီး ဘယ်လောက်ပဲ သဲကြီးမဲကြီး ဖြစ်နေပါစေ မကြာမှီ နေသာမယ်ဆိုတာ ခန့်မန်းကြည့်ရုံနဲ့ မြင်နိုင်ပါတယ်။ ဘယ်လောက်ကြီးမားတဲ့ ပြဿနာပဲဖြစ်ဖြစ် အချိန်တန်ရင် ပြီးဆုံးသွားမှာပါ။
လေးစားစွာဖြင့်

Share:

0 comments:

Post a Comment

Blog Archive

Powered by Blogger.

Blog Archive

Recent Posts

Unordered List

Pages

Theme Support