Tuesday, 9 July 2019

စေတနာ ကံ ★ ★ ★ ★ ★

 ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: စာသား
 ❀ စေတနာကောင်းရင် ကံကောင်းလို့ ဘဝအကျိုးပေးကောင်းမယ်။
❀ စေတနာညံ့ရင် ကံညံ့လို့ ဘဝအကျိုးပေးညံ့မယ်။ စေတနာဖြောင့်ရင် ကံဖြောင့်လို့ ဘဝအကျိုးပေးဖြောင့်မယ်။
❀ စေတနာကောက်ကွေ့ရင် ကံကောက်ကွေ့လို့ ဘဝအကျိုးပေး ကောက်ကွေ့မယ်။
❀ စေတနာမြတ်ရင် ကံမြင့်မြတ်လို့ ဘဝအကျိုးပေးမြင့်မြတ်မယ်။
❀ စေတနာယုတ်ညံ့ရင် ကံယုတ်ညံ့လို့ ဘဝအကျိုးပေးယုတ်ညံ့မယ်။
❀ စေတနာတည်းဟူသော ကံကို
ကောင်းစွာနားလည် သဘောပေါက်ပါက
မိမိဘဝကို ကြိုက်သလိုဖန်ဆင်း၍ နေနိုင်ကြပါသည်။ စေတနာနှင့်တူသော အကျိုးပေး၏။
❀ ကိုယ်တကယ်မြတ်နိုးတဲ့၊ နှစ်သက်တဲ့ပစ္စည်း ပေးပြီးပျော်ရင် လိုရာဆုပြည့်မယ်လို့ ယုံကြည်ထားပါ။ ဆုတောင်းပြည့်မယ်။
❀ တဖက်သားကလည်း တကယ်လိုအပ်နေတဲ့အချိန် လိုအပ်နေတဲ့အရာ၊ အခက်အခဲကို ဖြေရှင်းပြီး ပေးပျော်တဲ့ ပီတိကိုခံစားနိုင်ရင်၊ အအေးဓါတ်ထွက်နိုင်ရင် ဆုတောင်းပြည့်မယ်။
❀ စေတနာသည် လူတိုင်းနဲ့မတန်တာမဟုတ်ပါ။ ကိုယ့်စေတနာ သူတပါးမသိသေးတာ လိုနေသေးလို့ပါ။ ထပ်တိုးလိုက်ပါ။
❀ အဆင်မပြေဘူးဆိုတာ စေတနာအထားမှားနေလို့ပါ။ ပြင်လိုက်ပါ။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
Share:

0 comments:

Post a Comment

Powered by Blogger.

Recent Posts

Unordered List

Pages

Theme Support