ဘဝမှာ တစ်ခါတလေ ရှိရင်ချမ်းသာမယ်ထင်ပြီး ကြိုးစားရှာဖွေကြတဲ့ အရာတွေဟာ
တကယ်လည်း ရှိလာရော မချမ်းသာတဲ့အပြင်၊ တွယ်တာမှုတွေ၊ ကြောင့်ကျမှုတွေပဲ
တိုးပွားလာတတ်တဲ့ သဘောရှိပါတယ်။
တကယ်တော့ ဓနဆိုတဲ့ ချမ်းသာဟာ တဒင်္ဂအားဖြင့် ချမ်းသာမှုကို ပေးနိုင်ပေမယ့်
အဲဒီချမ်းသာမှုအပေါ်မှာ ချမ်းသာအောင် နေတတ်တဲ့အကျင့်မရှိရင်
ပိုပြီးပူလောင်မှုကို ဖြစ်စေတတ်တဲ့ သဘောရှိပါတယ်။
အကောင်းဆုံးကတော့ ရှိတဲ့အတိုင်းအတာနဲ့ ချမ်းသာအောင်၊ ကျေနပ်အောင်၊ အပြစ်မဖြစ်အောင် နေတတ်တဲ့ အကျင့်ဟာ အကောင်းဆုံးပါပဲ။ အဲဒီလို နေတတ်မှ တဒင်္ဂအရှိတရားအပေါ်မှာ အသိတရားနဲ့ ပျော်နိုင်မှာဖြစ်ပါတယ်။
အရှိအပေါ်မှာ အသိချော်ရင် ရှိသော်လည်း မပျော်နိုင်ပါဘူးတဲ့လေ။ အရှိနဲ့အသိ မပြတ်ညှိကြဖို့ပါပဲ။
မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ

0 comments:
Post a Comment