Wednesday, 10 April 2019

သမ္မာအာဇီဝနဲ့ စီးပွားဥစ္စာရှာဖွေရရှိခြင်းရဲ့ ချမ်းသာ ၄ မျိုး ******************************







ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ဦး၊ စာသား

 ၁။ ငါသည် တရားသောနည်းလမ်းဖြင့် ထကြွလုံ့လဝီရိယ စိုက်ထုတ်၍ လက်ရုံးအားကိုးကာ ချွေးဒီးဒီးကျအောင် ရှာဖွေခဲ့သောကြောင့် "ရသင့်သလောက်ရပြီ၊ စုသင့်သလောက်စုမိပြီ"ဟု တွေးကာ ရွှင်လန်းဝမ်းမြောက်ရတယ်။
၂။ ထိုဥစ္စာပစ္စည်းတို့ကို မိမိကိုယ်တိုင် သုံးဆောင်စဉ်တွင် လည်းကောင်း၊ ထိုဥစ္စာပစ္စည်းတို့ဖြင့် ကုသိုလ်ကောင်းမှုအမျိုးမျိုး ပြုနေစဉ်တွင် လည်းကောင်း၊ ကုသိုလ်ကောင်းမှုပြုပြီးချိန်တွင် လည်းကောင်း ကြည်နူးဝမ်းမြောက်ရတယ်။
၃။ ကြွေးမြီ ကင်းရှင်းသဖြင့် (ကြွေးမြီကြောင့် စိတ်ပူပန်ရခြင်း၊ ကြွေးရှင်တို့က ကြိမ်းမောင်းခြင်း၊ ရုံးရောက် ဂါတ်ရောက်ရခြင်း အလျဉ်းမရှိသဖြင့်) စိတ်ချမ်းသာ၍ ရွှင်လန်းဝမ်းမြောက်ရတယ်။
၎။ ငါသည် ကာယကံစင်ကြယ်မှု၊ ဝစီကံ စင်ကြယ်မှု၊ မနောကံ စင်ကြယ်မှုတို့ဖြင့် စီးပွားဥစ္စာရှာဖွေခဲ့လေပြီ ဟု စဉ်းစားမိတိုင်း စိတ်ချမ်းသာ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်။
သေခြင်းတရားက နေ့ည မရွေးဘူး၊ အချိန် မရွေးဘူး၊ ရောက်လာနိုင်တယ်။
သေခါနီးကာလမှာ မိမိပြုစုပျိုးထောင်ထားတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေကိုသာ ရင်ဝယ်ပိုက်ထွေးပြီး သေကြရမှာဖြစ်တဲ့အတွက် ကာယကံ၊ ဝစီကံ၊ မနောကံ စင်ကြယ်မှုတွေရှိအောင် သတိကြပ်ကြပ်ရှိကြပါ သူတော်ကောင်းအပေါင်းတို့။
ဖားအောက်ဆရာတော်ကြီး
Credit အရှင် ပညာ စာရ
Share:

0 comments:

Post a Comment

Powered by Blogger.

Recent Posts

Unordered List

Pages

Theme Support