Wednesday, 10 April 2019

ကိုယ့်ကိုယ်ကို ဆုံးမခြင်း ➖➖➖➖➖➖➖➖

 ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ဦး၊ ပြုံးနေသည်
 ဘဝမှာ တစ်ခါတလေ ရှိရင်ချမ်းသာမယ်ထင်ပြီး ကြိုးစားရှာဖွေကြတဲ့ အရာတွေဟာ တကယ်လည်း ရှိလာရော မချမ်းသာတဲ့အပြင်၊ တွယ်တာမှုတွေ၊ ကြောင့်ကျမှုတွေပဲ တိုးပွားလာတတ်တဲ့ သဘောရှိပါတယ်။
တကယ်တော့ ဓနဆိုတဲ့ ချမ်းသာဟာ တဒင်္ဂအားဖြင့် ချမ်းသာမှုကို ပေးနိုင်ပေမယ့် အဲဒီချမ်းသာမှုအပေါ်မှာ ချမ်းသာအောင် နေတတ်တဲ့အကျင့်မရှိရင် ပိုပြီးပူလောင်မှုကို ဖြစ်စေတတ်တဲ့ သဘောရှိပါတယ်။
အကောင်းဆုံးကတော့ ရှိတဲ့အတိုင်းအတာနဲ့ ချမ်းသာအောင်၊ ကျေနပ်အောင်၊ အပြစ်မဖြစ်အောင် နေတတ်တဲ့ အကျင့်ဟာ အကောင်းဆုံးပါပဲ။ အဲဒီလို နေတတ်မှ တဒင်္ဂအရှိတရားအပေါ်မှာ အသိတရားနဲ့ ပျော်နိုင်မှာဖြစ်ပါတယ်။
အရှိအပေါ်မှာ အသိချော်ရင် ရှိသော်လည်း မပျော်နိုင်ပါဘူးတဲ့လေ။ အရှိနဲ့အသိ မပြတ်ညှိကြဖို့ပါပဲ။
မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ
Share:

ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့သော ဇနီးမယား (၇)မျိုး

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: Maung Zaw၊ စာသား

၁။ စိတ်ရှုပ်စရာ အမြဲ ဖန်တီးနေတတ်သော ဇနီးမျိုး
ဒီလို မိန်းမမျိုးက ခင်ပွန်းသည်ရဲ့ နေ့စဉ်ဘဝကို စိတ်ညစ်စရာတွေ အမြဲလိုလို ဖန်တီးနေသူပါ။ ကိုယ်ချင်းစာစိတ် ကင်းမဲ့တဲ့အပြင် ခင်ပွန်းသည်အပေါ်မှာလဲ သစ္စာစောင့်သိမှု မရှိဘူး။ အိမ်ထောင်ဦးစီး ဖြစ်သူကိုလဲ လေးလေးစားစား မဆက်ဆံပါဘူး။ နွေးထွေးတဲ့မေတ္တာတွေပေးဖို့လဲ မေ့လျော့နေတတ်သူပါ။
၂။ သူခိုး၊ ဓားပြနဲ့ တူတဲ့ ဇနီးမျိုး
ဒီလိုမိန်းမမျိုးက အိမ်ထောင်မှု မထိန်းသိမ်းနိုင်တဲ့အပြင် ခင်ပွန်းသည် ရှာထားသမျှ စီးပွားဥစ္စာတွေကို သုံးဖြုန်းချင်နေတဲ့ သူမျိုးပါ။ ဝင်ငွေတွေကို မိသားစုအတွက် အသုံးမဝင်တဲ့ ၊ မလိုအပ်တဲ့ နေရာတွေမှာသုံးဖြုန်း ပစ်တတ်ပါတယ်။ 'စီးတဲ့ရေ ဆယ်တဲ့ ကန်သင်း' ဆိုတာကို နားမလည်တဲ့ မိန်းမမျိုးပါ။
၃။ အနိုင်လိုမင်းထက် ပြုချင်တဲ့ သခင်လို ဇနီးမျိုး
သူကိုယ်တိုင်က အိမ်ထောင်ဦးစီးနေရာမှာ နေပြီး အိမ်ထောင်စုတစ်ခုလုံးကို ချယ်လှယ်ချင်သူပါ။ အရေးကြုံလာရင် မိသားစုအပါ် ညှာတာခြင်းကင်းမဲ့ပြီး သူ့အတွက်ပဲ အမြဲ စဉ်းစားတတ်သူပါ။ သားသမီးတွေမဆိုထားနဲ့။ ခင်ပွန်းသည်ကိုပင် မလေးမစားနဲ့ အမြဲဆူပူ ကြိမ်းမောင်းနေတတ်ပါတယ်။ သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အခြားသူတွေကို သူ့အမိန့်တွေနဲ့ ရှင်သန်စေချင်တာပါ။
အထက်မှာ ဖော်ပြခဲ့တဲ့ ဇနီးမယားအမျိုးအစား (၃)မျိုးဟာ မနှစ်မြို့ဖွယ် အမူအကျင့်တွေနဲ့ စိတ်မချမ်းမြေ့စရာတွေ ဖန်တီးတတ်တဲ့ သူမျိုးတွေပါ။ ယခု ဖော်ပြမယ့် ဇနီးမယားမျိုးတွေကတော့ တကယ်ကို ဘဝလက်တွဲဖော် အဖြစ်ရွေးချယ်သင့်သူတွေပါ။
လေးခုမြောက်အနေနဲ့ဖော်ပြမှာကတော့
၎။ မိခင်နဲ့ တူတဲ့ ဇနီးမျိုး
ဒီလို ဇနီးမယားမျိုးဟာ အမေတစ်ယောက်က သားတစ်ယောက်အပေါ်ထားတဲ့ နွေးထွေးတဲ့ မေတ္တာမျိုးနဲ့ လင်ယောက်ျားကို အမြဲဂရုတစိုက် ရှိနေသူပါ။ နားလည်မှုတွေနဲ့ အရာအားလုံး ခွင့်လွှတ်သည်းခံပေးတတ်ပါတယ်။ ဘယ်တော့မှ ပျောက်ပျက်မသွားနိုင်တဲ့ ချစ်ခြင်းမေတ္တာမျိုးတွေနဲ့ သစ္စာစောင့်သိတတ်ပါတယ်။ ရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာတွေကိုလဲ နည်းစနစ်တကျ သုံးစွဲစီမံနိုင်သူပါ။
၅။ ညီမ/အစ်မတစ်ယောက်လို နွေးထွေးကြင်နာတတ်တဲ့ ဇနီးမျိုး
အမအကြီးတစ်ယောက်က သူ့မောင်လေးကို နွေးထွေး ကြင်နာသလိုမျိုး၊ ညီမငယ်လေးတစ်ယောက်က သူ့အစ်ကိုရဲ့ စကားတွေကို နာခံသလိုမျိုး၊ ခင်ပွန်းသည်ကို ချစ်ခင်တတ်သူပါ။ အမြဲတရိုတသေနဲ့ ဂရုတစိုက်ရှိနေတတ်ပါတယ်။ သူမဟာ ခင်ပွန်းသည်ကို တတ်နိုင်သလောက် စိတ်ချမ်းသာစေဖို့ အမြဲ ကြိုးပမ်းနေတတ်သူပါ။
၆။ မိတ်ဆွေသူငယ်ချင်းနဲ့ တူတဲ့ ဇနီးမျိုး
သူကတော့ ရင်းနီးရတဲ့မိတ်ဆွေတစ်ယောက်လို သင့် စိတ်ချမ်းသာစရာတွေကိုရော ဝမ်းနည်းစရာတွေကိုပါ မျှဝေခံစားမယ့်သူပါ။ သစ္စာရှိရှိနဲ့အနားမှာ အမြဲ ရပ်တည်ပေးမယ့်သူမျိုးပါ။ ရပ်တည်နိုင်ဖို့ သင့်အနားမှာ အမြဲအားပေးနေမှာပါ။ ခင်မင်မှုတွေရော ချစ်ခြင်းမေတ္တာတွေပါ ပေါင်းစပ်ထားတဲ့ အတွက် သူမချစ်ခြင်းတွေက အနှိုင်းမဲ့နေမှာပါ။
၇။ အစေခံလို ဇနီးမျိုး
အမြဲ ခင်ပွန်းသည်ရဲ့ ဆန္ဒတွေကို လိုက်လျောအလျှော့ပေးလေ့ရှိတယ်။ သူမအမှားတွေအကြောင်း အပြစ်တင်ဆူပူနေရင်တောင် အမြဲ တိတ်ဆိတ်စွာ နာခံလေ့ရှိတယ်။ ခင်ပွန်းသည် စိတ်ဆိုးဒေါသထွက်နေရင် အမြဲနားလည်သည်းခံပေးတယ်။ အမြဲနာခံတတ်ပြီး ခင်ပွန်းသည်အပေါ် တစ်သက်လုံး သစ္စာရှိရှိနဲ့ နွေးထွေး ကြင်နာမယ့်သူမျိုးပါ။
♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕
.......​မေတ္တာဖြင့်
......ဂန္တဝင် မဂ္ဂဇင်း မှ
Credit ဓမ္မ အနှစ်သာရ
Share:

သမ္မာအာဇီဝနဲ့ စီးပွားဥစ္စာရှာဖွေရရှိခြင်းရဲ့ ချမ်းသာ ၄ မျိုး ******************************







ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ဦး၊ စာသား

 ၁။ ငါသည် တရားသောနည်းလမ်းဖြင့် ထကြွလုံ့လဝီရိယ စိုက်ထုတ်၍ လက်ရုံးအားကိုးကာ ချွေးဒီးဒီးကျအောင် ရှာဖွေခဲ့သောကြောင့် "ရသင့်သလောက်ရပြီ၊ စုသင့်သလောက်စုမိပြီ"ဟု တွေးကာ ရွှင်လန်းဝမ်းမြောက်ရတယ်။
၂။ ထိုဥစ္စာပစ္စည်းတို့ကို မိမိကိုယ်တိုင် သုံးဆောင်စဉ်တွင် လည်းကောင်း၊ ထိုဥစ္စာပစ္စည်းတို့ဖြင့် ကုသိုလ်ကောင်းမှုအမျိုးမျိုး ပြုနေစဉ်တွင် လည်းကောင်း၊ ကုသိုလ်ကောင်းမှုပြုပြီးချိန်တွင် လည်းကောင်း ကြည်နူးဝမ်းမြောက်ရတယ်။
၃။ ကြွေးမြီ ကင်းရှင်းသဖြင့် (ကြွေးမြီကြောင့် စိတ်ပူပန်ရခြင်း၊ ကြွေးရှင်တို့က ကြိမ်းမောင်းခြင်း၊ ရုံးရောက် ဂါတ်ရောက်ရခြင်း အလျဉ်းမရှိသဖြင့်) စိတ်ချမ်းသာ၍ ရွှင်လန်းဝမ်းမြောက်ရတယ်။
၎။ ငါသည် ကာယကံစင်ကြယ်မှု၊ ဝစီကံ စင်ကြယ်မှု၊ မနောကံ စင်ကြယ်မှုတို့ဖြင့် စီးပွားဥစ္စာရှာဖွေခဲ့လေပြီ ဟု စဉ်းစားမိတိုင်း စိတ်ချမ်းသာ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်။
သေခြင်းတရားက နေ့ည မရွေးဘူး၊ အချိန် မရွေးဘူး၊ ရောက်လာနိုင်တယ်။
သေခါနီးကာလမှာ မိမိပြုစုပျိုးထောင်ထားတဲ့ ကုသိုလ်ကံ အကုသိုလ်ကံတွေကိုသာ ရင်ဝယ်ပိုက်ထွေးပြီး သေကြရမှာဖြစ်တဲ့အတွက် ကာယကံ၊ ဝစီကံ၊ မနောကံ စင်ကြယ်မှုတွေရှိအောင် သတိကြပ်ကြပ်ရှိကြပါ သူတော်ကောင်းအပေါင်းတို့။
ဖားအောက်ဆရာတော်ကြီး
Credit အရှင် ပညာ စာရ
Share:

ခွင့်လွှတ်ခြင်းသည် **************

 ဓာတ်ပုံရှင်းလင်းဖော်ပြချက်ကို ကြည့်၍မရနိုင်ပါ။
 စိတ်ထားမြင့်မြတ်သူတွေက
အရာရာကို သည်းခံနိုင်ကြတယ်
ခွင့်လွှတ်ပေးနိုင်ကြတယ်
နားလည်ပေးနိုင်ကြတယ်။
ခွင့်လွှတ်ပေးခြင်းကို
တကယ်သဘောပေါက်
နားလည်မယ်ဆိုရင်..
အရာရာကို သည်းခံ
ခွင့်လွှတ်ပေးလာနိုင်လိမ့်မယ်။
ခွင့်လွှတ်ပေးလိုက်ခြင်းဖြင့်
အရင်ဆုံး အေးချမ်းတာက
ကိုယ်ကိုယ်တိုင်ပါပဲ။
ဒါကြောင့်မို့
ခွင့်လွှတ်ခြင်းဆိုတာ
အောင်နိုင်ခြင်းပါပဲ။

 Dr Shwe Tun.

Share:
Powered by Blogger.

Recent Posts

Unordered List

Pages

Theme Support