Wednesday, 28 February 2018

လောကဓံ ••••••••••••

Image may contain: 1 person, smiling

 ❆ ​လောကဓမ္မ ဆိုတဲ့ ပါဠိမှ ဆင်းသက်​လာ​သော
စကားဖြစ်​​သော​ကြောင့်​ ​လောကဓံဟု ​ရေးမှ
မှန်​​ပေမည်​။
❆ ​လောကဓံသည်
လာဘ်​ရခြင်း လာဘ်​မရခြင်း
အခြံရံ​ပေါခြင်း အခြံရံမဲ့ခြင်း
ချီးမွမ်းခံရခြင်း ကဲ့ရဲ့ခံရခြင်း
ချမ်းသာခြင်း ဆင်းရဲခြင်း ဟူ၍ ၈ မျိုး ရှိ​ပေသည်​။
❆ ထို ၈ မျိုးထဲတွင်
➳ အ​ကောင်း​လောကဓံ ၄ မျိုး
➳ အဆိုး​လောကဓံ ၄ မျိုး ပါရှိ​ပေသည်​။
❆ လူသားအားလုံး မလွဲမ​သွေ ​တစ်​မျိုးမဟုတ်​တစ်​မျိုးနှင့်
တွေ့ကြုံရမည်​ဖြစ်​​သော​ကြောင့်​ ​လောကဓမ္မ-​လောကဓံ
ဟု ​ခေါ်ရ​လေသည်​။
❆ ​လောကဓံနှင့်​လူသည်​ ခွဲခြား၍ မရ​ပေ။
လူက​သော်​လည်း ​လောကဓံ​နောက်​လိုက်​တဲ့အခါရှိသည်​။
လောကဓံက​သော်​လည်း လူ​နောက်​လိုက်​တဲ့အခါ
ရှိ​ပေသည်​။
❆ လူရယ်​လို့ဖြစ်​လာရင်​ ​လောကဓံတရားကို
မကြုံချင်​လို့ မရ​ပေ။
ကြုံကိုကြုံရ​ပေမည်​။
❆ အ​ကောင်း​လောကဓံ​တွေနဲ့ကြုံရတဲ့အခါမှာ မသိသာ​ပေမယ့်
အဆိုး​လောကဓံနဲ့ကြုံရပြီဆိုရင်​ လူသားခမျာ ဖျတ်​ဖျတ်
လူး​တော့သည်​။
အလူးအလဲ ခံရ​တော့သည်​။
ငါ့ကျမှ ရက်​စက်​​လေခြင်း ​လောကကြီးက ဒဏ်​ခတ်​​လေခြင်းဆိုပြီး ငြီး​ရ​လေ​တော့သည်​။
❆ ထိုသို့ မဖြစ်​ရ​လေ​အောင်​ မြတ်​စွာဘုရား၏
အဆုံးအမ​​တော်​ကို သတိပြုသင့်​​ပေသည်​။
မြတ်​စွာဘုရားရှင်​ မိန့်​ကြား​တော်​မူသည်​မှာ
လူရယ်​လို့ ဖြစ်​လာရင်​ ​လောကဓံတရား​တွေနဲ့
တွေ့ကြုံရလိမ့်​မယ်​။
ရှောင်​လွှဲလို့ မရဘူး။
အ​ကောင်း​လောကဓံ,အဆိုး​လောကဓံ တစ်​မျိုးမဟုတ်
တစ်​မျိုးနဲ့​တွေ့​နေရမယ်​။
ရင်​ဆိုင်​ရမယ်​တဲ့။
❆ ဒီလို ရင်​ဆိုင်​ရတဲ့အခါမှာ
ကောင်းတာ​တွေနဲ့​တွေ့လို့လဲ သာယာမှု စွဲလမ်းမှု
မလွန်​ကဲပါ​စေနဲ့တဲ့။
သာယာမှု စွဲလန်းမှုလွန်​ကဲရင်​ အ​ကောင်း​ပျောက်​သွားတဲ့
အခါ မချိမဆန့်​ ခံစားရလိမ့်​မယ်​တဲ့။
❆ အဆိုး​လောကဓံနဲ့ ​တွေ့တဲ့အခါလည်း သိပ်​ပြီး မတုန်​လှုပ်​ပါ
နဲ့တဲ့ တုန်​လှုပ်​​နေရင်​ အဆိုးက လွတ်​​မြောက်​​အောင်
ကြိုးစားချင်​စိတ်​ ​လျော့သွားမှာစိုးလို့်ပါ။
❆ အ​ကောင်းပဲဖြစ်​ဖြစ်​ အဆိုးပဲဖြစ်​ဖြစ်
လောကဓံနဲ့​တွေ့ကြုံတဲ့အခါမှာ ​လောကဓံဟာ မမြဲဘူး
မမြဲတဲ့အတွက်​ ဆင်းရဲတယ်​၊
ဖောက်​ပြန်​ပျက်​စီးခြင်း သ​ဘောရှိတယ်​ လို့
နှလုံးသွင်းပြီး အ​ကောင်း​တွေကိုလည်း
အလွန်​အကျွံ မသာယာ​အောင်
အဆိုး​တွေ​ကြောင့်​လည်း စိတ်​ဓာတ်​​ပျော့ညံ့မှုမဖြစ်​ရ​လေ
အောင်​ကြိုးစား​နေထိုင်​ရပါမယ်​။
ကြိုးစားနိုင်​ကြပါ​စေ။
`` ​​ကောင်း ဆိုး ​လောကဓံ
- ကြံ့ကြံ့ခံ၍
- အားမာန်​အပြည့်
- သတိမကွာ
- ပညာ​မျှော်​မြင်
- အလုပ်​ဝင်​ ´´
- အလှဆင်​ကြ. ဒို့ဘဝ
မေတ္တာဖြင့်
အရှင်​တိက္ခဉာဏာလင်္ကာရ(သမိုင်းသစ်​)
Share:

0 comments:

Post a Comment

Powered by Blogger.

Recent Posts

Unordered List

Pages

Theme Support