Tuesday, 13 September 2016

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ

စိတ်တွေက ဘယ်ကပေါ်လာတာလဲ ***********************
"စိတ်တွေ လိုအပ်တဲ့အခါ ပေါ်လာဖို့ရာ လူတစ်ယောက်၏ဗိုက်ထဲမှာ အပြည့်သိပ် အောင်းခိုနေသလား" မေးလျှင်မဟုတ်ပါ၊ အောင်းခိုနေတဲ့စိတ်ရယ်လို့ မရှိပါ။
"ဒါမှမဟုတ် အပြင်ဘက်မှာ တစ်နေရာရာ၌ ဖြစ်ပေါ်လာဖို့ရာ အသင့် အနေအထား စုပုံပြီးသားရှိသလား" ဤသို့လည်းမရှိပါ၊ ဆိုရရင်အကြောင်းတွေ ညီညွတ်တဲ့အခါ ပေါ်ပေါက်လာတဲ့ သဘောသာဖြစ်သည်။
ဥပမာ - နေအရှိန် ကျရောက်ပါက
မီးထ၍တောက်တတ်သော ကျောက်တစ်မျိုးရှိ၏၊ ထိုကျောက်ကို နေပူခိုက်တွင် နေရောင်အောက်တွင်ချထားပါ၊ ခဏကြာလျှင် ကျောက်နှင့် နေပူရှိန်တွေ့ကြသဖြင့် မီးဖြစ်လာသည်။ ထိုအခါ အောက်ခံဖြစ်သော အ၀တ်စ ဂွမ်းစ အမှိုက်စ တို့ကိုလောင်တော့သည်။ ဤသို့ မီးလောင်လာရာ၌ ကျောက်ထဲမှာလည်း မီး-မပါ၊ နေရောင်ထဲမှာလည်း မီး-မပါ၊ သို့ရာတွင် ကျောက်နှင့် နေရောင် ပေါင်းစုံမိသောအခါတွင်ကား မီး ဖြစ်ပေါ်လာတော့သည်။ ဤသဘောအတိုင်းပင် ခန္ဓာကိုယ်ထဲမှာလည်း ခိုအောင်းနေတဲ့ စိတ်တွေ အစကမရှိပါ၊ အပြင်ဘက်တွင်လည်း ဖြစ်ပေါ်လာဖို့ အသင့်အနေအထား စုပုံပြီးသားမရှိပါ။ အာရုံနှင့်ဒွါရ ဆုံကြ၍သာ "စိတ်" ဟူသော သဘောတရားတွေ ပေါ်ပေါက်၍ လာရခြင်းဖြစ်လေသည်။

ဓမ္မ စာပေများ

 ============================== =============


 Image result for မိုးကုတ်ဆရာတော်






Share:

0 comments:

Post a Comment

Powered by Blogger.

Recent Posts

Unordered List

Pages

Theme Support