Tuesday, 9 July 2019

နေ နှင့် ကြယ်-လ ကိုင်ဆော့ ရသည် 🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

 ဓာတ်ပုံရှင်းလင်းဖော်ပြချက်ကို ကြည့်၍မရနိုင်ပါ။
မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး
အရှင်ဇနကာဘိဝံသ ကပြောတယ်၊
ငါတို့ ဗုဒ္ဓကို ဓမ္မဖြင့် အကဲဖြတ်လော့ တဲ့။
ဗုဒ္ဓရှင်တော် ၄၅ ဝါကာလပတ်လုံး ဟောကြားတော်မူခဲ့သောတရားတော်များ
ဟာ လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်းတို့
အတွက် ကောင်းကျိုးချမ်းသာ ဖြစ်စေ
သော တရားတော်များ သာဖြစ်ပေတယ်။
ကမ္မဌာန်း ကျင့်စဉ် (၄၀) ကိုကျင့်ကြ မယ် ဆိုရင် နေ၊ လ ၊ ကြယ်တို့ကို လက်နဲ့ဆော့ ကစား လို့ရတယ်၊ နတ်ပြည်၊ နဂါးပြည်၊ ငရဲပြည် ကိုအလယ် သွားလို့ရတယ်၊၊
အနေအထိုင် ဣနြေ္ဒသိက္ခာ ဆိုရင်- မြင်ရသူပင် ကြည်ညိုစိတ် ဖြစ်ပေါ်စေတယ်။  ဗြဟ္မဏတစ်ဦးဆိုရင် ဝိနည်းတော်တွေ ကို ဖက်ကြည့်ရုံ၊ သိရုံ နဲ့ထင် သာသနာတော်ကို ကြည်ညိုလေးစားသွားတယ်။
ကျင့်ဝတ်တရားဆိုလျှင်လည်း- ရဟန်း ကျင့်ဝတ်၊ ရှင်ဘုရင်ကျင့်ဝတ်၊ တိုင်းသူပြည်သားကျင့်ဝတ်၊ မိဘကျင့်ဝတ်
သားသမီးကျင့်ဝတ်၊ သခင်ကျင့်ဝတ်၊ ကျွန်ကျင့်ဝတ် ၊ဆရာ၊ တပည့် တို့ကျင့်
ဝတ် ၊ လင်၊ မယား ကျင့်ဝတ် ပါမကျန် ဟောပြထားတာများ စုံလို့ ဒါတောင် အကာပဲ ရှိသေးတယ်၊
သစ္စာတရားတော်များ နာကြားခွင့်ရ၊
သိခွင့်ရပြီး နားလည်ကြရင် ၊ ပြောစရာ
တောင် မလိုတော့ဘူး ဗုဒ္ဓကို လည်းကောင်း၊ ဓမ္မကို လည်းကောင်း၊ သံဃကို လည်းကောင်း အသက် ထက် တောင် မြတ်နိုးကြ၊ တန်ဖိုးထားကြလိမ့်မယ်၊
ဒါ့ကြောင့် ဗုဒ္ဓရှင်တော်ကို ဓမ္မဖြင့်
အကဲဖြတ်နိုင်အောင် ဓမ္မစာပေများ ဖက် ခြင်း၊ ဓမ္မတရားတော်များအား နာကြား ခြင်း တို့ ကိုကောင်းစွာပြု အပ်သည်။
ထိုသို့ ဓမ္မကို သိလေလေ ဗုဒ္ဓ ကိုပို၍
ကြည်ညို လေလေ ဖြစ်ကြလိမ့်မည်။
Share:

စေတနာ ကံ ★ ★ ★ ★ ★

 ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: စာသား
 ❀ စေတနာကောင်းရင် ကံကောင်းလို့ ဘဝအကျိုးပေးကောင်းမယ်။
❀ စေတနာညံ့ရင် ကံညံ့လို့ ဘဝအကျိုးပေးညံ့မယ်။ စေတနာဖြောင့်ရင် ကံဖြောင့်လို့ ဘဝအကျိုးပေးဖြောင့်မယ်။
❀ စေတနာကောက်ကွေ့ရင် ကံကောက်ကွေ့လို့ ဘဝအကျိုးပေး ကောက်ကွေ့မယ်။
❀ စေတနာမြတ်ရင် ကံမြင့်မြတ်လို့ ဘဝအကျိုးပေးမြင့်မြတ်မယ်။
❀ စေတနာယုတ်ညံ့ရင် ကံယုတ်ညံ့လို့ ဘဝအကျိုးပေးယုတ်ညံ့မယ်။
❀ စေတနာတည်းဟူသော ကံကို
ကောင်းစွာနားလည် သဘောပေါက်ပါက
မိမိဘဝကို ကြိုက်သလိုဖန်ဆင်း၍ နေနိုင်ကြပါသည်။ စေတနာနှင့်တူသော အကျိုးပေး၏။
❀ ကိုယ်တကယ်မြတ်နိုးတဲ့၊ နှစ်သက်တဲ့ပစ္စည်း ပေးပြီးပျော်ရင် လိုရာဆုပြည့်မယ်လို့ ယုံကြည်ထားပါ။ ဆုတောင်းပြည့်မယ်။
❀ တဖက်သားကလည်း တကယ်လိုအပ်နေတဲ့အချိန် လိုအပ်နေတဲ့အရာ၊ အခက်အခဲကို ဖြေရှင်းပြီး ပေးပျော်တဲ့ ပီတိကိုခံစားနိုင်ရင်၊ အအေးဓါတ်ထွက်နိုင်ရင် ဆုတောင်းပြည့်မယ်။
❀ စေတနာသည် လူတိုင်းနဲ့မတန်တာမဟုတ်ပါ။ ကိုယ့်စေတနာ သူတပါးမသိသေးတာ လိုနေသေးလို့ပါ။ ထပ်တိုးလိုက်ပါ။
❀ အဆင်မပြေဘူးဆိုတာ စေတနာအထားမှားနေလို့ပါ။ ပြင်လိုက်ပါ။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
Share:
Powered by Blogger.

Recent Posts

Unordered List

Pages

Theme Support