အညတရ ဘိက္ခု
ဗာရာဏသီပြည်၌
ဗြဟ္မဒတ်မင်းကြီးစိုးစံစဉ် ဘုရားလောင်းသည် သူဌေးသားဖြစ်နေသည်။ တစ်နေ့တွင် သူအပါအ၀င် သူဌေးသား လေးယောက်တို့ သည် မြို့ အပြင်ဘက်မှ လမ်းဆုံတစ်နေရာ၌ ၀ိုင်းဖွဲ့ ကာ စကားပြောဆိုနေကြစဉ် မုဆိုးတစ်ယောက် မောင်းနှင်လာသော အမဲသား လှည်းတစ်စီးသည် သူတို့ အနီးသို့  ရောက်လာသည်။

ပထမဆုံး
သူဌေးသားတစ်ယောက်က ဟယ်မုဆိုး ငါ့အား အမဲသားတစ်တုံးပေးပါဟု တောင်းလိုက်သည်။
မုဆိုးက မိတ်ဆွေ တောင်းရမ်းသူသည် ချစ်ဖွယ်သော စကားကို ဆိုတတ်ရသည်။
သင့်စကားသည် အသားမပါ။ အမြှေးတုံးနှင့်သာ တူပေသည်ဟု ဆိုပြီးလျှင် အသားမပါသော
အမြှေးတုံးတစ်တုံးကို ပေးသည်။
ဒုတိယတစ်ယောက်က အစ်ကိုကြီး ငါ့အား အမဲသားတစ်တုံးပါးပါဟု တောင်းပြန်ရာ ထိုသူအား ကိုယ်သား တစ်တုံးပေးသည်။
တတိယတစ်ယောက်က အဘ ငါ့အားလည်း အမဲသားတစ်တုံး ပေးပါဟု တောင်းပြန်ရာ နှလုံးသားအပါအ၀င် အသားကောင်းများကို ပေးလိုက်သည်။
နောက်ဆုံး သူဌေးသားကမူ မိတ်ဆွေ ငါ့အားလည်း အမဲသားတစ်တုံး ပေးခဲ့ပါဟု တောင်းသောအခါ၌ကား မုဆိုးသည် လှည်းပေါ်ပါသော အမဲသားအားလုံးကို ပေးအပ်ရုံမျှမက အိမ်အရောက် လိုက်ပို့ ပေးသည်။ ထိုသူဌေးသားသည် မုဆိုးနှင့် မိတ်ဆွေရင်းချာ ဖြစ်သွားပြိးနောက် မုဆိုးအား မုဆိုးလုပ်ငန်းကို စွန့် စေကာ ရင်းနှီးစားသောက်ရန် ငွေကြေားများ ထုတ်ပေးသည်။ ထိုမျှမက မုဆိုးမိသားစုများကိုလည်း မိမိအိမ်သို့  ခေါ်ယူထားသည်။ ထို့ ကြောင့် မိတ်ဆွေကောင်း၏ တန်ဖိုးသည် အတိုင်းမသိထိုက်တန်၏။
မြတ်ဗုဒ္ဓက ပဌမမိတ္တသုတ်တော်တွင် မိတ်ဆွေကောင်း အင်္ဂါ(၇)ပါး ဟောကြားထားခဲ့၏။
၁။ ပေးနိုင်ခဲသော အရာကို ပေးခြင်း။
၂။ ပြုနိုင်ခဲသော အမှုကို ပြုခြင်း။
၃။ သည်းခံနိုင်ခဲသော အရာကို သည်းခံခြင်း။
၎။ မိမိ၏ လျှို့ ဝှက်အပ်သော အရာကို အဆွေခင်ပွန်းအား ထင်စွာပြုခြင်း။
၅။ အဆွေခင်ပွန်း၏ လျှို့ ဝှက်အပ်သော အရာကို လျှို့ ဝှက်ခြင်း။
၆။ ဘေးရန်တို့ ကြောင့် မစွန့် ပစ်ခြင်း။
၇။ ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့် မထီမဲ့မြင် မပြုခြင်း။
အားလုံးသော ဓမ္မမိတ်ဆွေအပေါင်းတို့ သည် ဘုရား၊ တရား၊ သံဃာကို ယုံကြည့်ကိုးကွယ်ဆည်းကပ်၊ သဒ္ဓါတရားရှိသော မိတ်ဆွေကောင်း၊ သီလရှိသော မိတ်ဆွေကောင်း၊ လောကီလောကုတ္တရာ နှစ်ဖြာသော ဗဟုသုတရှိသော မိတ်ဆွေကောင်း၊ စွန့် ကြဲပေးကမ်းလှူဒါန်းလေ့ရှိ၍ စာဂတရားနှင့် ပြည်စုံသော မိတ်ဆွေကောင်း၊ လောကီလောကုတ္တရာနှစ်ဖြာသော အမှားနှင့် အမှန်၊ ကုသိုလ်တရားနှင့် အကုသိုလ်တရားကိုခွဲခြားဝေဖန်နိုင်သော ပညာရှိသော မိတ်ဆွေကောင်း၊ အရှက်အကြောက်ရှိသော မိတ်ဆွေကောင်းတို့ နှင့် ဘ၀ဆုံးတိုင် ပေါင်းသင်းနိုင်၍ မိသားစုအကျိုး၊ ဘာသာ၊သာသနာ့အကျိုးထမ်းဆောင်နိုင်သော သူတော်ကောင်းများ ဖြစ်ကြပါစေ။

0 comments:
Post a Comment