🔸 လောကကြီးအတွင်းမှာ သတ္တဝါတွေဆိုတာက
ကိုယ့်အထုပ် ကိုယ်ထမ်း ၊ ကိုယ့်လမ်း ကိုယ်လျှောက်ပြီးကိုယ့်အထုပ်ကို ကိုယ်ဆွဲပြီး သံသရာခရီးကို ဆက်ခါဆက်ခါ သွားနေကြရတာပါ...။
ကိုယ့်အထုပ် ကိုယ်ထမ်း ၊ ကိုယ့်လမ်း ကိုယ်လျှောက်ပြီးကိုယ့်အထုပ်ကို ကိုယ်ဆွဲပြီး သံသရာခရီးကို ဆက်ခါဆက်ခါ သွားနေကြရတာပါ...။
`အဖေ့´ကို ကြည့်ပြန်တော့လည်း ကိုယ့်အထုပ် ကိုယ်ဆွဲပြီး ကိုယ့်ခရီး ကိုယ်သွားနေရတာ...။
`အမေ့´ကို ကြည့်ပြန်တော့လည်း ကိုယ့်အထုပ် ကိုယ်ဆွဲပြီး ခရီး သွားနေရတာ...။
ဘယ်လောက် ချစ်ပါတယ်, ခင်ပါတယ်ပြောတဲ့
ညီအစ်ကို မောင်နှမတွေပဲ ဖြစ်ဖြစ်
ကိုယ့်အထုပ် ကိုယ်ဆွဲပြီး ကိုယ့်ခရီး ကိုယ်ဆက်သွားကြရတာပါ...။
`အမေ့´ကို ကြည့်ပြန်တော့လည်း ကိုယ့်အထုပ် ကိုယ်ဆွဲပြီး ခရီး သွားနေရတာ...။
ဘယ်လောက် ချစ်ပါတယ်, ခင်ပါတယ်ပြောတဲ့
ညီအစ်ကို မောင်နှမတွေပဲ ဖြစ်ဖြစ်
ကိုယ့်အထုပ် ကိုယ်ဆွဲပြီး ကိုယ့်ခရီး ကိုယ်ဆက်သွားကြရတာပါ...။
🔸 ဒီလောက်နေပူပူကြီးထဲမှာ ...
သစ်ပင်ရိပ်အောက် ရေသောက်ရင်းနဲ့ ခရီးသွားဧည့်သည် ဘဝတူအချင်းချင်း ရေမလုကြနဲ့၊ အရိပ် မလုကြပါနဲ့၊ စကားမများကြပါနဲ့ ၊ ရန်မဖြစ်ကြပါနဲ့ ၊ သူလည်း ခရီးသွား ကိုယ်လည်း ခရီးသွား၊ `မေတ္တာ´ရှေ့ထားပြီး `အသိဉာဏ်´ နဲ့ နားလည်ပေးလိုက်ပါ...။

🔸 ခရီးသွားဧည့်သည် ဆိုတာ - `၂မျိုး ´ ရှိတယ်။
ပထမ တမျိုးက...
ပကတိခရီးကို သွားနေကြတဲ့ ပကတိဧည့်သည် ...။
နောက်တစ်မျိုးက ....
လောကကြီးထဲမှာ တစ်ဘဝပြီး တစ်ဘဝ..
တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်လာပြီး နိဗ္ဗာန်အထိ
အရောက် သွားနေကြတဲ့ နိဗ္ဗာန်ခရီးသွား သံသရာဧည့်သည်ရယ် -၂မျိုး ရှိကြတယ်...။

🔸
နိဗ္ဗာန်ဆိုတဲ့ ရည်မှန်းချက်၊ နိဗ္ဗာန်ဆိုတဲ့ ဦးတည်ချက် မရှိပဲ
သံသရာထဲမှာ ဟိုရောက်ဒီရောက် ၊ ဟိုလည် ဒီလည် သွားနေတဲ့ လူတွေကတော့
ခရီးသွားဧည့်သည်အစစ် မဟုတ်ဘူး လို့ ပြောချင်ပါတယ်။
အဲဒီလို လူမျိုးက ဧည့်သည် မဟုတ်ပါဘူး ၊ အိမ်လည်တာ၊ ဘဝအိမ်လည်တဲ့ သူတွေလို့ ခေါ်ကြပါတယ်။
ဟိုအိမ်သွား စကားပြော၊ ဒီအိမ်သွား စကားပြော
အလှူ ရှိလို့သွား၊ မင်္ဂလာဆောင် ရှိလို့သွား
အိမ်လည်ပြီး စကားစမြည်ပြော လုပ်နေကြတဲ့သူတွေ
ရှိကြတယ် ။ အဲဒီ လူတွေ ခရီးသွားတာ မဟုတ်ဘူး
အိမ်လည်နေကြတာပါ ၊ အိမ်လည်တဲ့ သူတွေဟာလိုရာခရီး ပန်းတိုင်ကို မရောက်ပဲ အရပ်ထဲမှာ ဝဲလည်ပြီး ပြသနာအမျိုးမျိုး ဖြစ်နေတတ်ကြတယ်။
ဧည့်သည်တော့ ဧည့်သည်ပါပဲ ၊ အိမ်လည်သွားတဲ့ ဧည့်သည်တွေက အချိန်တန်တော့ သူများအိမ် အိပ်လို့မရပါဘူး၊ ကိုယ့်အိမ် ကိုယ်ပြန်ရတာပါပဲ...။

များသောအားဖြင့် ကိုယ့်အကြောင်းကို ကိုယ်မသိတဲ့ လူတွေက အခုလို လူ့ဘဝကို ရောက်လာတယ် ဆိုတာအလည် လာတာပါ ၊ အိမ်လည် လာတာပါ
ခဏတဖြုတ် သူများအိမ်ကို အလည်လာတာပါ။
ခဏတဖြုတ် သူများအိမ်ကို အလည်လာတာပါ။
🔸 အခု ဒီလူတွေ ဒီလူ့ဘဝမှာ ဘာလုပ်ဖို့ လာကြတာလဲ?
ဒီလိုများ အမေးခံရရင် တို့တစ်တွေက...
ဒီလိုများ အမေးခံရရင် တို့တစ်တွေက...
`ဗုဒ္ဓမြတ်စွာ သာသနာနဲ့ ကြုံကြိုက်တုန်း ကုသိုလ် လုပ်စရာ ရှိတာ
လုပ်ဖို့, ကိုင်ဖို့၊ ကုသိုလ်ပါရမီတွေနဲ့ နိဗ္ဗာန် ထိအောင်
သွားကြဖို့ ဒီလူ့ဘဝကို အလည်လာတာ´ လို့
ဖြေလိုက်ကြစမ်းပါ...။
--------------------------------
ဖြေလိုက်ကြစမ်းပါ...။
--------------------------------
🔸
လောကမှာ ညဥ့်မိုးချုပ်လာရင် ၊ ခြောက်နာရီကျော် ခုနှစ်နာရီ
ရှိရင် အမေက မျှော်နေရော့မယ်၊ အဖေက မျှော်နေရော့မယ်၊
ထမင်းစားချိန် တန်ပြီ ဆိုပြီး ကိုယ့်အိမ် ကိုယ်ပြန်ကြရတယ်။
🔸 ဒီလိုပါပဲ
အသက် ခြောက်ဆယ်ကျော်ပြီ၊ ခုနှစ်ဆယ် ကျော်ပြီ၊
အချိန်တန်ရင် အိမ်ပြန်ရတော့မယ်၏ ဒါလေးကို
သိကြပါ...။
အသက် ခြောက်ဆယ်ကျော်ပြီ၊ ခုနှစ်ဆယ် ကျော်ပြီ၊
အချိန်တန်ရင် အိမ်ပြန်ရတော့မယ်၏ ဒါလေးကို
သိကြပါ...။
🔸 ဘုရားရှင် ဟောထားပါတယ် ...
`အပါယ်ဘေးဘုံက ပုထုဇဉ်တွေရဲ့ အိမ်´ တဲ့ ၊
ကိုယ့်အိမ်နဲ့ အတူတူပဲ တဲ့၊ အခုက အိမ်လည်လာတာ ဆိုရင် အချိန်တန်ရင် အပါယ်ဘေးဘုံ ဆိုတဲ့ ကိုယ့်အိမ်ကို ကိုယ်ပြန်ရမှာပါ...။
`အပါယ်ဘေးဘုံက ပုထုဇဉ်တွေရဲ့ အိမ်´ တဲ့ ၊
ကိုယ့်အိမ်နဲ့ အတူတူပဲ တဲ့၊ အခုက အိမ်လည်လာတာ ဆိုရင် အချိန်တန်ရင် အပါယ်ဘေးဘုံ ဆိုတဲ့ ကိုယ့်အိမ်ကို ကိုယ်ပြန်ရမှာပါ...။
ဟိုလိုလို ဒီလိုလိုနဲ့ နေကြရင်...
ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာ ၊ အသူရကယ် ဆိုတဲ့
ကိုယ်အရင်က နေခဲ့တဲ့ ဒုက္ခဘုံ၊ ဆင်းရဲအိမ်ကို ပြန်ရမှာပါ ဘယ်လောက် ကြောက်စရာ ကောင်းလိုက်သလဲ နော်....။
ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာ ၊ အသူရကယ် ဆိုတဲ့
ကိုယ်အရင်က နေခဲ့တဲ့ ဒုက္ခဘုံ၊ ဆင်းရဲအိမ်ကို ပြန်ရမှာပါ ဘယ်လောက် ကြောက်စရာ ကောင်းလိုက်သလဲ နော်....။
🔸 ဒါကြောင့်မို့ ...
သတိပဋ္ဌာန်တရား ဘာဝနာကို အားထုတ်ကြစမ်းပါ
`သတိ´ ရှိလို့ အသိဉာဏ်တွေ တိုးလာတော့မှ
မိမိတို့ ပုထုဇဉ်ဘဝက လွတ်မြောက်ပြီး
အပါယ်လေးဘုံ ဒုက္ခဆင်းရဲအိမ်ကို ပြန်မရောက်တော့မှာပါ...။
သတိပဋ္ဌာန်တရား ဘာဝနာကို အားထုတ်ကြစမ်းပါ
`သတိ´ ရှိလို့ အသိဉာဏ်တွေ တိုးလာတော့မှ
မိမိတို့ ပုထုဇဉ်ဘဝက လွတ်မြောက်ပြီး
အပါယ်လေးဘုံ ဒုက္ခဆင်းရဲအိမ်ကို ပြန်မရောက်တော့မှာပါ...။
🔸 အသိဉာဏ် ဆိုတာက...
အမျိုးမျိုး အဆင့် ရှိကြတယ် ၊ * အဓိက ကတော့
သံဝေဂဉာဏ်တွေ ရဖို့ ၊ ဝိပဿနာဉာဏ်တွေ ရပြီး
မဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေ ရအောင်လို့ ခုလို ပြောပေးနေရတာပါ....။
အမျိုးမျိုး အဆင့် ရှိကြတယ် ၊ * အဓိက ကတော့
သံဝေဂဉာဏ်တွေ ရဖို့ ၊ ဝိပဿနာဉာဏ်တွေ ရပြီး
မဂ်ဉာဏ်, ဖိုလ်ဉာဏ်တွေ ရအောင်လို့ ခုလို ပြောပေးနေရတာပါ....။
🔸 ရှေးဦးစွာ သံဝေဂဉာဏ် ရပြီးတော့ အဲဒီ သံဝေဂဉာဏ်နဲ့ပဲ ...
`ငါတို့ နေရတဲ့ ဘဝ သံသရာကြီးထဲမှာ
*သတိလေး တစ်ချက်လောက် လွတ်ပြီး ဟိုလိုလို ဒီလိုလိုနဲ့ ပေါ့တီးပေါ့ဆ နေလို့ကတော့ အပါယ်လေးဘုံ ပြန်ရောက်မှာ အသေချာပဲ ...´
`ငါတို့ နေရတဲ့ ဘဝ သံသရာကြီးထဲမှာ
*သတိလေး တစ်ချက်လောက် လွတ်ပြီး ဟိုလိုလို ဒီလိုလိုနဲ့ ပေါ့တီးပေါ့ဆ နေလို့ကတော့ အပါယ်လေးဘုံ ပြန်ရောက်မှာ အသေချာပဲ ...´
🔸 သံသရာခရီးက ဆက်ပြီး သွားရဦးမှာ......။
မိမိကိုယ်ကို `ဧည့်သည်´ လို့ သဘောပေါက်ရင်..
`သတိ၊ ပညာ ´ အလွတ်မခံဘဲ ဝိပဿနာဉာဏ် ရအောင် ရှုရတာ၊ ကြိုးစားရတာ....။
မိမိကိုယ်ကို `ဧည့်သည်´ လို့ သဘောပေါက်ရင်..
`သတိ၊ ပညာ ´ အလွတ်မခံဘဲ ဝိပဿနာဉာဏ် ရအောင် ရှုရတာ၊ ကြိုးစားရတာ....။
🔸 အမှန်တကယ်လည်း ...
လူ့ဘဝဆိုတာ ဧည့်သည်လို နေကြရတာ၊
နေတတ်ထိုင်တတ်ဖို့ အရေးကြီးတယ် လို့
`သံဝေရဉာဏ်၊ အသိဉာဏ်´ တွေ ရစေချင်ပါတယ်။
လူ့ဘဝဆိုတာ ဧည့်သည်လို နေကြရတာ၊
နေတတ်ထိုင်တတ်ဖို့ အရေးကြီးတယ် လို့
`သံဝေရဉာဏ်၊ အသိဉာဏ်´ တွေ ရစေချင်ပါတယ်။
ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ
0 comments:
Post a Comment