လူဘဝဟာလဲ တခါတရံ
အမြင့်ရောက်လိုက် တခါတရံ အနိမ့်ကျလိုက်နဲ့
နေရာအပြောင်းအလွဲ၊ ဘဝအပြောင်းအလဲ၊
ကံတွေကလည်း အပြောင်းအလဲမြန်လိုက်တာ။
အမြင့်ရောက်လိုက် တခါတရံ အနိမ့်ကျလိုက်နဲ့
နေရာအပြောင်းအလွဲ၊ ဘဝအပြောင်းအလဲ၊
ကံတွေကလည်း အပြောင်းအလဲမြန်လိုက်တာ။
အရာရာတိုင်းဟာ ဘာတစ်ခုမှ
တသမတ်တည်းမရှိ၊ အမြဲတမ်းပြောင်းလဲ
နေကြတယ်။
တသမတ်တည်းမရှိ၊ အမြဲတမ်းပြောင်းလဲ
နေကြတယ်။
ဒါပေမဲ့ လူတွေဟာ အထက်တန်း နေရာ
မြင့်သော နေရာကို ရောက်နေပြန်တော့...
မိမိကိုယ်ကို ဘဝင်မြင့်၊ မာနတွေထောင်၊
အာဏာ၊ ပါဝါတွေသုံး အသက်ကြီး၊
အသက်ရွယ်တူ၊ ငယ်မူမကျန် အမျိုးစုံနှိပ်ကွပ်၊
နှိပ်စက်ကြတယ်။
မြင့်သော နေရာကို ရောက်နေပြန်တော့...
မိမိကိုယ်ကို ဘဝင်မြင့်၊ မာနတွေထောင်၊
အာဏာ၊ ပါဝါတွေသုံး အသက်ကြီး၊
အသက်ရွယ်တူ၊ ငယ်မူမကျန် အမျိုးစုံနှိပ်ကွပ်၊
နှိပ်စက်ကြတယ်။
ပတ်ဝန်းကျင်၏ မြောက်ပေးခြင်းကြောင့်
မကောင်းသော ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့်
မပြစ်မှားထိုက်သူတွေကို ပြစ်မှားပြီး
လူက အထက်တန်းရောက်နေပေမဲ့
စိတ်ဓါတ်ကျတော့ အောက်တန်းကျနေကြတယ်။
မကောင်းသော ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့်
မပြစ်မှားထိုက်သူတွေကို ပြစ်မှားပြီး
လူက အထက်တန်းရောက်နေပေမဲ့
စိတ်ဓါတ်ကျတော့ အောက်တန်းကျနေကြတယ်။
ဒီကံရဲ့ မကောင်းကျိုးတွေဟာ တစ်နေ့နေ့မှာ
နိမ့်ကျမည့်ဘဝကို ရောက်မယ်ဆိုတာကို
နားမလည်၊ သဘောမပေါက်လေတော့
ရင်မောစရာပေါ့။
နိမ့်ကျမည့်ဘဝကို ရောက်မယ်ဆိုတာကို
နားမလည်၊ သဘောမပေါက်လေတော့
ရင်မောစရာပေါ့။
ထို့ကြောင့် ဘဝအထက်တန်းကို
ရောက်လေလေ၊ စိတ်ဓါတ်တွေကို
နိမ့်ချပြီး ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးကဲ့သို့
နူးညံ့သိမ်မွေ့သော ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့်
ကုသိုလ်ဖြစ်စရာတို့ဖြင့် နေသွားဖို့လိုတယ်။
ရောက်လေလေ၊ စိတ်ဓါတ်တွေကို
နိမ့်ချပြီး ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးကဲ့သို့
နူးညံ့သိမ်မွေ့သော ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့်
ကုသိုလ်ဖြစ်စရာတို့ဖြင့် နေသွားဖို့လိုတယ်။
ဘဝအားငယ်နေရပေမဲ့ စိတ်ဓါတ်မကျပဲ၊
ကုသိုလ်ဖြစ်စရာတွေနဲ့ အချိန်ကို
ကုန်ဆုံးစေနိုင်ဖို့ လိုအပ်တယ်။
ကုသိုလ်ဖြစ်စရာတွေနဲ့ အချိန်ကို
ကုန်ဆုံးစေနိုင်ဖို့ လိုအပ်တယ်။
ဘဝဆိုတာ မြင့်တစ်ခါ၊ နိမ့်တလှဲ့မို့
ဘယ်ဘဝမှာ နေရနေရ၊ အမှန်တရားဘက်မှ ဘုရားအဆုံးအမ တရားအသိဓါတ်တို့ဖြင့်..
ဘယ်ဘဝမှာ နေရနေရ၊ အမှန်တရားဘက်မှ ဘုရားအဆုံးအမ တရားအသိဓါတ်တို့ဖြင့်..
ဘဝကို အမြင့်ဆုံး မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ထိ
မျက်မှောက်ပြုနိုင်အောင်
ကြိုးစားအားထုတ်နိုင်ကြပါစေဟု
ဆန္ဒပြုပါတယ်။
မျက်မှောက်ပြုနိုင်အောင်
ကြိုးစားအားထုတ်နိုင်ကြပါစေဟု
ဆန္ဒပြုပါတယ်။
မြောက်ဦးဆရာတော် ဘုရားကြီး
0 comments:
Post a Comment