ဘဝမှာ ကိုယ့်အနေနဲ့အရမ်းဝေးပြီး မဖြစ်နိုင်တာတွေကိုမျှော်လင့်ရင်း အချိန်ကုန်ခံနေမယ့်အစား၊
ရောက်တဲ့နေရာ၊ ရောက်တဲ့အချိန်ကစပြီး ကြိုးစားကြမယ်ဆို
ဖြစ်ချင်တာတွေအများကြီးကို မပိုင်ဆိုင်ရရင်တောင်၊ ဘဝမှာရရှိသင့်သလောက်
အကျိုးရရှိစေမှာပါ။ လုံးဝမကြိုးစားခဲ့တဲ့ နောင်တနဲ့လည်း ဝေးရမှာပါ။
ကြိုးစားချင်စိတ်ရှိပြီး အရာရာလက်တွေ့ လုပ်ဆောင်နိုင်ရင်
သင်ဖြစ်ချင်တာတွေအတွက်၊ အခက်အခဲဆိုတာတွေဟာ သင့်အတွက်တော့
အလွယ်ကူဆုံးဖြစ်စေမှာပါ။
လူတိုင်းမှာစိတ်သည်သာ အဓိက
မိမိစိတ်ကပဲ အရာရာကိုလုပ်ဆောင်နိုင်သလို၊ အရာရာကိုပျက်စီးစေဖို့ကိုလည်း လုပ်ဆောင်နိုင်ပါတယ်။
မိမိစိတ်ကပဲ အရာရာကိုလုပ်ဆောင်နိုင်သလို၊ အရာရာကိုပျက်စီးစေဖို့ကိုလည်း လုပ်ဆောင်နိုင်ပါတယ်။
မိမိစိတ်ရဲ့အရှင်သခင်ဖြစ်ဖို့လိုပါတယ်၊ စိတ်ရဲ့ကျေးကျွန်ဖြစ်ရင်တော့
ပျင်းရိခြင်းမှာ သင့်ရဲ့စိတ်တွေသာယာပြီး အချိန်လွန်နောင်တတွေနဲ့
မိတ်ဆွေဖြစ်ရပါလိမ့်မယ်။
လောကဓံကစိန်ခေါ်လာရင် ရဲရဲရင်ဆိုင်ပါ။ အခက်အခဲတွေဆိုတာ သင့်ကို
ရင့်ကျက်စေဖို့၊ ထက်မြက်စေဖို့၊ အမြင့်ရောက်စေတဲ့လှေကားတွေပါပဲ။
ရင့်ကျက်စေဖို့၊ ထက်မြက်စေဖို့၊ အမြင့်ရောက်စေတဲ့လှေကားတွေပါပဲ။
သိမ်ငယ်ခြင်းမှာရပ်မနေပဲ စွန့်စားဖို့လိုအပ်လာရင် စွန့်စားပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ လုပ်ဆောင်ပါ။
စိတ်ဖိစီးမှုတွေနဲ့ ဝမ်းနည်းကြေကွဲစရာတွေ ကြုံလာရင်၊ ကိုယ့်ကိုယ်ကို
အားပေးရင်းနဲ့ အချိန်အတိုင်းအတာတစ်ခုထိ လဲကျမသွားဖို့ ထိန်းထားပါ။
အချိန်တွေက ကုစားသွားတဲ့အခါ အရာရာဟာအရင်လိုပဲ ပြန်တည်ငြိမ်သွားပါလိမ့်မယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ကြိုးစားပါ၊
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရမယ်၊
အခုချိန်မှာ အလုပ်သမားဘဝဆိုရင်တောင်
နောက်တစ်ချိန်မှာ လုပ်ငန်းရှင်ဖြစ်အောင်ကြိုးစားပါ။
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရမယ်၊
အခုချိန်မှာ အလုပ်သမားဘဝဆိုရင်တောင်
နောက်တစ်ချိန်မှာ လုပ်ငန်းရှင်ဖြစ်အောင်ကြိုးစားပါ။
အခုချိန် သူများလက်အောက်မှာ လုပ်နေရပေမယ့်၊ နောင်တချိန်မှာ
လက်မထောင်နိုင်တဲ့သူ၊ လက်ညှိုးထိုးခိုင်းနိုင်တဲ့သူ၊ အခက်အခဲအားလုံးကို
ကျော်ဖြတ်ပြီး အောက်သက်ကြေတဲ့ လုပ်ငန်းရှင်ဖြစ်အောင်ကြိုးစားပါ။
ကိုယ့်ကိုအထင်သေးတဲ့ ပတ်ဝန်းကျင်ကို လုပ်ဆောင်နိုင်ကြောင်း
အလုပ်နဲ့သက်သေပြပါ။ အခုကစပြီး သင့်ဘဝကို တိုးတက်မြင့်မားဖို့
ယုံကြည်မှုအပြည့်နဲ့ တစိုက်မတ်မတ် ကြိုးစားလိုက်ပါတော့။
0 comments:
Post a Comment